သူ့အမေက ရှောင်းကျန့်ကို သွားတွေ့လိမ့်မယ်ဆိုတာ ဝမ်ရိပေါ်တောင် မသိခဲ့ဘူး။
မစ္စရှစ်ယွီဟာ အဖိုးကြီးခေါ်လို့ ပြန်လာခဲ့တာဖြစ်တယ်။ သူတို့တွေ့တဲ့အခါကျရင် နှစ်ယောက်သား ရန်ဖြစ်လောက်မှာ သေချာတယ်။ မစ္စရှစ်ယွီက သူမအကြောင်းတွေ ပြောပြီးတာနဲ့ သူ့ရဲ့အနာဂတ်ချွေးမလေးဘက်ကို လှည့်သွားတယ်။
ဘာချွေးမတုန်း!
ဝမ်ရိပေါ်မှာ မျက်နှာရဲရဲ၊ နားရွက်နီနီနဲ့ပဲ စကားတွေ ရပ်သွားတော့တယ်။
ဝမ်ယို့ချန်ဟာ စီးပွားရေးလောကမှာ ကျင်လည်ခဲ့တာ အတော်ကို ကြာပြီဖြစ်ပြီး ဝမ်ရိပေါ်ရဲ့ လှည့်စားမှုလေးတွေအတွက် ပြင်ဆင်မထားခဲ့ဘူး။ သူ့အဖေဟာ လူတွေကို အချိန်အကြာကြီး စုံစမ်းခဲ့ပေမဲ့ သူ့အမေကတော့ ကွာခြားတယ်။ မစ္စရှစ်ယွီဟာ လူတွေအမြင်ကနေ ပျောက်ကွယ်သွားခဲ့တာ အကြာကြီး ကြာခဲ့ပြီဆိုပေမဲ့ သူမမှာ အသိမိတ်ဆွေ ဆက်သွယ်မှုတွေ ရှိသေးတယ်။
ဒါ့အပြင် သူ့အမေနဲ့ တုလင်းတို့ဟာ အသိမိတ်ဆွေဟောင်းတွေဖြစ်တယ်။ အဲ့တော့ ဝမ်ရိပေါ်ဟာ သူ့အမေအပေါ် ဖုံးကွယ်ထားဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဘူး။
ဘာပဲပြောပြော မိခင်တွေက သားသမီးကို အသိဆုံးဖြစ်တယ်။ သူမရဲ့ ဦးဏှောက်နဲ့ စတိုင်ဟာ အရမ်းကို ထက်မြက်တယ်။ မစ္စရှစ်ယွီဘက်က လက်မခံမှာကို သူ ကြောက်နေစရာ မလိုဘူး။ ဒီအတိုင်း မစ္စရှစ်ယွီက ရှောင်းကျန့်ကို လန့်အောင် လုပ်လိုက်မှာကိုပဲ စိုးရိမ်မိရုံတင်။
ဒီရက်အနည်းငယ်အတွင်း မစ္စရှစ်ယွီက ပေကျင်းမှာ လျှောက်လည်နေချိန်၊ ဝမ်ရိပေါ်မှာတော့ ရှောင်းကျန့်ကို ဘယ်လိုချော့ရမလဲဆိုတာ အိမ်မှာ တနေကုန် စဉ်းစားနေခဲ့တယ်။ သူ့အမေက ရှောင်းကျန့်ရဲ့ ဖလိုက်နံပါတ်ကို ရှာတွေ့သွားပြီး ရှောင်းကျန့်နဲ့ လေယာဉ်တစီးတည်း လိုက်စီးလိမ့်မယ်လို့ ဘယ်သူက ထင်ထားခဲ့မှာတုန်း?
ဖုန်းတဖက်ကနေ ရှောင်းကျန့်က စိတ်လှုပ်ရှားစွာနဲ့ "ငါ ဘယ်သူနဲ့ တွေ့လာလဲ ခန့်မှန်းကြည့်" လို့ ပြောတဲ့အချိန်မှာ သူ့နှလုံးသားက ရုတ်တရက် တုန်ခါသွားတယ်။
YOU ARE READING
Lion Heart ||Completed||