- 92 -

3.7K 474 6
                                    

ရှောင်းကျန့်ရဲ့ဦးဏှောက်က တဒီဒီမြည်နေတယ်။

အဲ့လိုပုံစံဟာ ဝမ်မာမား ထွက်သွားတဲ့အချိန်၊ သူ လမ်းဘေးမှာ လက်ထောက်ရဲ့ကား လာကြိုမှာကို စောင့်နေချိန်ထိ ဖြစ်နေတာဖြစ်တယ်။ တုန်ခါမှုပေါင်း များစွာကြောင့် ဖုန်းက လှုပ်ခါတာတွေတောင် မရှိတော့ဘူး။ ဖုန်း screen ပေါ်က "ချိုင်းရှန်"ဆိုတဲ့စာသားနှစ်ခုက သူ့နှလုံးသားထဲမှာ ခုန်ပေါက်နေတယ်။

ဖုန်း screen ပေါ်က စာသားကို ကြည့်နေမိတယ်။ သူ ဖုန်းမကိုင်ဖြစ်ဘူး။

လက်ထောက်ရဲ့ကားက သူ့ရှေ့လာရပ်တယ်။ သူ ကားထဲဝင်လိုက်ပြီးတာနဲ့ ပိုင်ရှီကို ပြန်တဲ့လေယာဉ်နောက်ဆုံးဖလိုက်က ဘယ်အချိန်လဲ မေးလိုက်တယ်။

လက်ထောက်အသစ်လေးမှာ ထိတ်လန့်သွားပြီး ပါးစပ်ပွင့်သွားတယ်။

"ကော ဘာဖြစ်လို့လဲ? မနက်ဖြန်က ကန်တော့ပွဲပေး အခမ်းအနားနော်"

ရှောင်းကျန့်မှာ ခဏလောက် ဟင်းခနဲဖြစ်သွားတယ်။ သူ သက်ပြင်းချပြီး ပြန်ပြောလိုက်တယ်။

"ငါ သိပါတယ်။ ငါ ဒီအတိုင်း မေးတာပါ"

သူ ကားနောက်ခန်းမှာ ထိုင်ရင်း မေးထောက်ထိုင်နေမိတယ်။ ဘာတွေ စဉ်းစားလို့ စဉ်းစားရမှန်း မသိဘူး။

အဲ့အချိန်မှာ ဖုန်းက ဒုတိယအကြိမ် တဒီဒီ မြည်လာပြန်တယ်။

ရှောင်းကျန့် ဖုန်း screen ကို ကြည့်လိုက်တယ်။ နှုတ်ခမ်းကို လျှာသပ်လိုက်ပြီးတာနဲ့ ဖုန်းဖြေလိုက်တယ်။

ကြည်လင်လွန်းတဲ့ "ရှောင်းကျန့်"ဆိုတဲ့အသံက ဖုန်းတဖက်ကနေ ထွက်လာတယ်။ အဲ့ဒီ့နောက် ချက်ချင်းလေသံပျော့သွားပြီး ထစ်အသွားတယ်။

"မင်း ဘာလို့ ငါ့ဖုန်းကို မကိုင်တာလဲ?"

"အဆင်မပြေလို့ပါ"

ရှောင်းကျန့်က ခါးကို မတ်မတ်ထိုင်လိုက်ပြီး မျက်နှာကို ကားပြတင်းအပြင် လှည့်လိုက်တယ်။

"ဪ"

ဝမ်ရိပေါ်က သေချာပြန်ဖြေပေမဲ့ သူအသံက လိုတာထက် ပိုနိမ့်နေတယ်။ ရှောင်းကျန့် ရုတ်တရက်ကြီး ရယ်ချင်လာတယ်။

Lion Heart ||Completed||Where stories live. Discover now