- 32 -

4.8K 666 27
                                    

ရှောင်းကျန့် ခေါင်းငုံ့လို့ သူ့ဖုန်းကို ထုတ်လိုက်တယ်။ သူ့ ဝေ့ပေါ် အကောင့်တုထဲကို ဝင်လိုက်တယ်။ ဒီအတိုင်း အကြာကြီး ကြည့်နေပြီး သက်ပြင်းချလိုက်တယ်။ ပြီးတော့ စာတကြောင်း ရိုက်လိုက်တယ်။

[အရမ်း ဝမ်းနည်းနေတာမဟုတ်ပါဘူး။ ဒါပေမဲ့ တခါတလေကျ ထိုးနှက်ခံရသလို ခံစားရတယ်]

ခဏလောက်အကြာမှာ နောက်စာတကြောင်း ထပ်ရေးလိုက်တယ်။

[ငါနဲ့ ပျော်ရွှင်မှုကြားမှာ ဝေးကွာမှု အကြီးကြီး ရှိနေပုံရတယ်။ အမြဲတမ်း ချောက်နက်ကြီးထဲကို ငုံ့ကြည့်နေခဲ့ရတာ။ ဘာဖြစ်လို့လဲဆိုတော့ နွေဦးကို ငါနဲ့အတူ ကြိုဆိုပေးမဲ့သူ တယောက်မှ ငါ့ဘေးနား မရှိလို့ပါပဲ]

သူ အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်မိတယ်။ ခဏလောက် စဉ်းစားကြည့်တယ်။ ဒါပေမဲ့ ဘာလုပ်ရမှန်း မသိတာနဲ့ နောက်ဆုံးကြောင်းကို ဖျက်ပစ်လိုက်တော့တယ်။

*

သူ့အခန်းတွေက ဂျူလိုင်လလယ်မှာ အကုန်ရိုက်ပြီးမှာဆိုတော့ နောက်ထပ် ၁ လလောက် ကျန်သေးတယ်။ အဲ့ဒါကြောင့် သူ နားရက် ၁ ရက်ပဲ ရတယ်။ လေယာဉ်က ညဘက်ဆိုက်ရောက်ချိန်မှာ အိမ်က ဒရိုင်ဘာက သူ့ကို လာကြိုတယ်။ ရှောင်းကျန့် ကားတံခါးဖွင့်လိုက်တဲ့အခါ ခဏလောက် မင်သက်သွားခဲ့တယ်။ လူဆိုးကောင်ဟာ ကားနောက်ခန်းမှာ ထိုင်ရင်း စာရွက်စာတမ်းတွေကို ကြည့်နေတာမို့ သူ ကားပေါ် အမြန် တက်လိုက်တော့တယ်။

ကားထဲမှာ စံပယ်နံ့သင်းသင်းမွှေးနေတယ်။ ဒါပေမဲ့ ဘာကြောင့်ရယ်မသိ ရှောင်းကျန့်စိတ်ထဲ ဒီရနံ့ကို ငြီးငွေ့နေတယ်။ သူ ကားမှန်တံခါးကို တိတ်တိတ်လေး ချလိုက်တဲ့အခါ အပြင်က နွေရာသီရဲ့ ပူနွေးခြောက်သွေ့တဲ့လေထုနဲ့အတူ ကားထဲကရနံ့တွေ ရောထွေးသွားပြီး ဖုန်နံ့ ခပ်ပါးပါးက ကားထဲ ဝင်လာတယ်။ ဝမ်ရိပေါ်က သူ့ကို ခဏကြည့်ပြီး သူ့လက်ထဲက စာရွက်စာတမ်းဖိုင်ကို ပိတ်လိုက်တယ်။ ကားအပြင်ကိုပဲ ကြည့်နေတဲ့ ရှောင်းကျန့်ကို လည်ပင်းပေါ် ခပ်ဖွဖွ ဖျစ်ပြီး အနောက်ကို ပြန်ဆွဲလို့ ဘာကြည့်နေတာလဲလို့ မေးတယ်။

Lion Heart ||Completed||Where stories live. Discover now