ရှောင်းကျန့် တောင်ပေါ်အိမ်ကို ပြန်ရောက်တဲ့အခါ သူ့ပစ္စည်းတွေကို ထုပ်ပိုးတယ်။ ဖန်းချန်က ဖုန်းခေါ်တယ်။
"ပိုင်ဖန်းယောင်ရဲ့ ပထမဆုံး version ထွက်လာပြီ။ တရားဝင်ကြေညာစာထုတ်ပြီးရင် နင် forward လုပ်လို့ရပြီ"
"မြန်လှချည်လား?"
ရှောင်းကျန့် ခဏလောက် တွေးနေမိတယ်။
"ဂျူလိုင်လတုန်းကမှ ပြီးထားတာ မဟုတ်ဘူးလား?"
သူ တိတ်တိတ်လေး လက်ချောင်းလေးတွေချိုးလို့ ရေတွက်ကြည့်တယ်။
"၅ လတည်းနဲ့ ထွက်လာတယ်လား?"
"အရင် ကြေညာထားတာ။ ထုတ်လွှင့်မယ့် schedule က မတ်လကျမှ။ အထူးပြုလုပ်ချက်တွေနဲ့ ပတ်သက်ပြီး လုပ်စရာတွေ ရှိသေးတယ်"
"ဆောင်းရာသီတို့၊ နွေရာသီပိတ်ရက်တို့အတွက် အဖွင့်အကြို လွှင့်တာမျိုးမှ မဟုတ်တာ။ ဘာလို့များ လောနေကြတာလဲ?"
[နင့်အတွက် မဟုတ်ဘူးလေ]
ဖန်းချန်မှာ ပါးစပ်က ထွက်တော့မယ့်စကားကို မြိုချလိုက်ရတယ်။
"လုရှို့မင်က လတ်တလောမှာ အရမ်းနာမည်ကြီးလာတယ်။ ထုတ်လုပ်သူတွေဘက်က ဒါကို အသုံးချပြီး မီးစာဖြည့်ချင်တဲ့သဘောပဲ။ ဒီနှစ်နွေရာသီမှာ တခြားနာမည်ကြီး ဒရာမာတွေ ထွက်လာဖို့ရှိတယ်။ သူတို့က တိုက်သွားတာမျိုး မလိုချင်ဘူး။ အဲ့တော့ ဒရာမာ စောစောထွက်လေ ကောင်းလေပဲ"
သူမက နောက်ထပ် သက်ပြင်းတချက်ရှိုက်တယ်။
"ငါကြားတာ ပိုင်ဖန်းယောင်ကို ပြင်ဆင်မှုတွေ လုပ်ဦးမယ်ပြောတယ်"
ရှောင်းကျန့်က နားလည်တယ်။ လတ်တလောနှစ်တွေအတွင်းမှာ ဒရာမာနဲ့ ရုပ်ရှင်လောကက အပြိုင်အဆိုင်တွေ များလာတယ်။ ဘာပဲပြောပြော စောပဲလွှင့်လွှင့်၊ နောက်ကျမှ လွှင့်လွှင့် သူ့အတွက် ကိစ္စရှိနေတာမျိုး မဟုတ်ဘူး။ အဲ့ဒါကြောင့် သူ ဖန်းချန်ပြောသမျှကို သဘောတူလိုက်တယ်။
ဖုန်းမချခင်မှာ ဖန်းချန်က သူ့ကို ထပ်သတိပေးတယ်။
"ဒါနဲ့ ငါ နင့်ကို ၁၀ ရက်ပဲ အားလပ်ရက်ပေးလို့ရတယ်။ ဒါရိုက်တာကောင်းက လာဆက်သွယ်တယ်။ နင့်ကို တကယ့်ဘဝအပေါ် အတွေ့အကြုံတွေ ကြိုတင်ယူထားစေချင်တယ်တဲ့"
YOU ARE READING
Lion Heart ||Completed||