- 79 -

3.3K 521 26
                                    

ရှောင်းကျန့်စိတ်ထဲ သူ ဝမ်ရိပေါ်ကို ခန့်မှန်းနိုင်စွမ်း မရှိဘူးလို့ ခံစားနေရပြန်ပြီဖြစ်တယ်။

ထမင်းစားပွဲမှာ သူ စာချုပ်အကြောင်း ထပ်ပြောဖြစ်ပေမဲ့ ဝမ်ရိပေါ်က တခြားစကားကို ပြောင်းသွားတယ်။

ရှောင်းကျန့်မှာ တကယ်ကို ဝေခွဲမရဖြစ်နေတယ်။ ဒါပေမဲ့ သူ ပြဿနာမရှာချင်ဘူး။ အိပ်ရာမဝင်ခင်အထိ သူ မျက်မှောင်တွေ ကြုတ်ထားတုန်းပဲ။ ဒါပေမဲ့ ဝမ်ရိပေါ်က သူ့ကို အိပ်ရာဝင်အနမ်း ညင်ညင်သာသာလေး လာပေးတဲ့အခါ အရာအားလုံး ပြေပျောက်သွားတယ်။

ကြည့်ရတာ သူကပဲ အတွေးများနေတာ ထင်ပါတယ်။ သူ့ခေါင်းကို ခေါင်းအုံးပျော့ပျော့ထဲ မြှုပ်ထားလိုက်တော့တယ်။

ဒါပေမဲ့ နောက်ရက်အနည်းငယ်မှာ သူ ဘယ်လိုပဲ မသိမသာ ပြောနေပါစေ။ ဝမ်ရိပေါ်က တခြားစကားတွေကို လွှဲလွှဲသွားတယ်။

ရှောင်းကျန့်မှာ ရှင်းပြလို့ မရတဲ့ ဒေါသတွေ ပြည့်နေတယ်။

သူ တကယ်ကို နားမလည်နိုင်ဘူး။ ဝမ်ရိပေါ်က သူနဲ့ စာချုပ် ထပ်မချုပ်ချင်ဘူးလား?

ဒီကာလအတွင်းမှာ သူဟာ အတိတ်ကအရာတွေကို ကျော်ဖြတ်ပြီး များပြားတဲ့အမြတ်အစွန်းတွေနဲ့ တန်ဖိုးတွေကို သယ်လာနိုင်ပြီမလား။ ရှောင်းကျန့် နားမလည်နိုင်ဘူး။

သူ မထင်ထားခဲ့တာက သူ့ကို အရင်ဆုံး ရှာတွေ့သူဟာ ဖန်းချန်ဖြစ်နေလိမ့်မယ်ဆိုတာပဲ။

ဖန်းချန် သူ့ကို ပေးလာတဲ့အရာဟာ ဖိတ်ကြားစာတခုဖြစ်နေတယ်။

"ငါ ဟေးယောင်က ထွက်တော့မယ်။ ငါ့နောက်ကို လိုက်မလား?"

ရှောင်းကျန့်မှာ အူလည်လည်ဖြစ်သွားတယ်။

"နင် ရူးနေလား?"

ဖန်းချန်က သူ့ကို မျက်လုံးပြူးကြည့်တယ်။

"ရူးနေတာက နင်။ ဒီနှစ်တွေအတွင်း ဟေးယောင်မှာ ငါ့ရဲ့အောင်မြင်မှုတွေက လူတိုင်းအသိပဲ။ မန်နေဂျာတယောက်အနေနဲ့ ဟေးယောင်မှာ ငါ့အောင်မြင်မှုရဲ့ ထိပ်ဆုံးကို ရောက်ခဲ့တာ ကြာလှပြီ။ ငါ့အတွက် ပြင်ဆင်မှုတွေ အမြဲလုပ်ထားခဲ့တာ။ နင်ရော။ ရှောင်းကျန့် နင် ဟေးယောင်ကနေ ထွက်ခွာဖို့ တခါမှ မစဉ်းစားခဲ့ဘူးလား?"

Lion Heart ||Completed||Where stories live. Discover now