- 35 -

4.8K 641 35
                                    

သူ အိပ်မပျော်လောက်ဘူးထင်ခဲ့ပေမဲ့ မထင်မှတ်စွာပဲ ကောင်းကောင်းအိပ်ပျော်သွားခဲ့တယ်။

သူ နိုးလာတဲ့အချိန်မှာ သူ့ကိုယ်ထဲက ပင်ပန်းနွမ်းနယ်မှုတွေ အကုန်ပျောက်သွားသလိုပဲ။ ရှောင်းကျန့် မှန်ထဲကို ကြည့်လိုက်တဲ့အခါ သူ့မျက်နှာအသားအရည်က အရမ်းကို ကောင်းနေတာတွေ့ရတယ်။

သူ ခရီးဆောင်အိတ်ကို အပြန်ပြန်အလှန်လှန် ကြည့်ကြည့်တယ်။ သူ တကယ် ဘာမှ များများစားစား သယ်မလာခဲ့တာပဲ။ သူ နောက်ထပ် ရက်အနည်းငယ်လောက် ထပ်နေမယ်ဆိုရင် အဝတ်အစားတချို့တော့ ဝယ်ရလောက်လိမ့်မယ်ထင်တယ်။ သူ တွေးကြည့်ပြီးတာနဲ့ ဂူချီအဖြူရောင်တီရှပ်ကို ဆွဲထုတ်လို့ ဝတ်လိုက်တယ်။ သူ ဘောင်းဘီဝတ်ပြီးတဲ့အချိန်မှာ အခန်းတံခါးခေါက်သံ ကြားရတယ်။

"ဘယ်သူလဲ?"

ရှောင်းကျန့် တရုတ်လို မေးလိုက်တာပေမဲ့ ပြန်ဖြေသံ မကြားရဘူး။ နောက်တခေါက် အင်္ဂလိပ်လို အော်လိုက်တယ်။

"coming—"

သူ တံခါးဖွင့်လိုက်တဲ့အခါ လူဆိုးကောင်က လန့်သွားတယ်။ လက်တဖက်မှာ ဖုန်းကိုင်ထားပြီး ကျန်လက်တဖက်ကို ဘောင်းဘီအိတ်ထဲထည့်လို့ သူ့ကို ကြည့်နေတယ်။

"ဘာလို့ အဲ့လောက် နှေးရတာလဲ"

သူ တခုခု ပြောမယ်လုပ်တဲ့အချိန်မှာ လူဆိုးကောင်က အခန်းတံခါးကို တွန်းဖွင့်ဝင်လာတယ်။

ရှောင်းကျန့် အပြင်ကို ဘယ်ညာကြည့်တယ်။ ဘယ်သူမှ မရှိတာ သေချာမှ တံခါးပြန်ပိတ်လိုက်တယ်။

"ဘယ်လိုလို့ ရောက်လာတာလဲ?"

ဝမ်ရိပေါ်က အခန်းထဲ ပတ်ကြည့်တယ်။ သူ ဖွထားတဲ့ ခရီးဆောင်အိတ်ကို ခြေထောက်နဲ့ ကန်တယ်။ ပြီးတာနဲ့ ရေချိုးခန်း၊ ဧည့်ခန်းကို လှည့်ပတ်ကြည့်တယ်။ မထင်ရင် သူ့ပိုင်နက်ထဲ စစ်ဆေးရေးဝင်သလိုပဲ။

"ဒီကို စီးပွားရေးကိစ္စနဲ့ လာပြောတာ။ ပြီးသွားတော့ မင်းအကြောင်းတွေးမိတာနဲ့ ရောက်လာတာပဲ"

ဆိုဖာပေါ် ရှောင်းကျန့်ပစ်ချထားတဲ့ ကြိုးရှည်အိတ်လေးကို ကောက်ယူပြီးတာနဲ့ ရှောင်းကျန့်ဘက်ကို လှည့်ကြည့်တယ်။

Lion Heart ||Completed||Where stories live. Discover now