- 60 -

3.9K 512 7
                                    

ပထမဆုံးအနေနဲ့ ရှောင်းကျန့်ဆီက ဖုန်းကို ဝမ်ရိပေါ် လက်ခံရရှိတယ်။

အရင်တုန်းက မလုပ်ဖူးတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကိစ္စတော်တော်များများဟာ ကျန်းရှန်နဲ့တင် ပြီးသွားတာဖြစ်တယ်။ ပြောရမယ်ဆိုရင် အလှည့်ကျသတင်းပို့သလိုမျိုးပဲ။

ခပ်တိုးတိုးနဲ့ ကြည်လင်တဲ့အသံလေးကို ဖုန်းတဖက်ကနေ ကြားရတဲ့အခါ နှလုံးသားထဲက မီးတောက်တွေ ချက်ချင်းငြိမ်းသွားတယ်။

နန်ချန်းက စက်ရုံကိစ္စတွေဟာ အခုထိ ရေရေရာရာ မကိုင်တွယ်ရသေးဘူး။ သဲလွန်စတွေကနေတဆင့် ရဲနဲ့ပူးပေါင်းပြီး စစ်ဆေးကြည့်တဲ့အခါ ဒဏ်ရာရတဲ့အလုပ်သမားနှစ်ယောက်ဟာ ပစ္စည်းခိုးဖို့ ကြံစည်ရာကနေ မတော်တဆ မီးလောင်ကျွမ်းခဲ့တာဖြစ်တယ်။ ဒီလိုကိစ္စမျိုးက သိပ်အရေးမကြီးတာမို့ သူ့အနေနဲ့ ပြဿနာတက်ဖို့ ခက်ခဲတယ်။ ကိစ္စတွေကို သေချာစစ်ဆေးကြည့်တဲ့အခါ စက်ရုံမှာ လူ အယောက် ၁၄၀ ပဲရှိပြီး ၁၄၂ ယောက်စာ လစာပေးနေရတယ်။

ကျန်းရှန်က ဒါကို အရင်တွေ့ခဲ့တာဖြစ်ပြီး ဝမ်ရိပေါ်ကို ပြောပြတဲ့အခါ ကိစ္စကို ခဏထိန်းထားပြီး ရဲမတိုင်ဖြစ်သေးဘူး။ ဒီ မရှိတဲ့လူနှစ်ယောက်ရဲ့ လစာတွေ ဘယ်သူ့အိတ်ထဲ ရောက်သွားလဲ? အောက်ကို ငုံ့ကြည့်ရင် ရာထူးငယ်ငယ်သမားတွေ အနည်းငယ်ပါဝင်နေပြီး အပေါ်ကို မော့ကြည့်ရင်တော့ ပေါင်းရှီဂရုရဲ့ CFO နဲ့ HR ပိုင်းကလူတွေ ပါဝင်ပတ်သက်နေတယ်။ ပြောရမယ်ဆိုရင် department နှစ်ခု ပါဝင်ပတ်သက်နေတာဖြစ်တယ်။

ဒီကိစ္စကို သေချာ ထဲထဲဝင်ဝင် စုံစမ်းရမှာဖြစ်တယ်။ လိုအပ်ရင် မသမာတဲ့ အလုပ်သမားဟောင်းတွေကို ထုတ်သင့်ထုတ်ရမယ်။

ဒါပေမဲ့ အခု စစ်ကြည့်တဲ့အခါ စစ်ကြည့်လေ ပိုခက်လေဖြစ်နေတယ်။ နိုင်ငံတွင်းမှာ အဲ့လိုပစ္စည်းထုတ်တဲ့ စက်ရုံပေါင်း ၁၀ ရုံရှိတယ်။ အကယ်၍ ၁၀ ခုလုံးမှာ ပြဿနာဖြစ်နေရင် ဆက်နွယ်နေတဲ့အရာတွေအကုန်လုံးနဲ့အတူ ဟိုတယ်တွေပါ လိုက်စစ်ရတော့မှာဖြစ်တယ်။ ပြီးတော့ နောက်ထပ် ဆက်နွယ်နေတဲ့ အိမ်ခြံမြေဈေးကွက်တွေ။ Sellers တွေဆီကနေ တနှစ်ကို ယွမ် ၄ သိန်းကနေ ၅ သိန်းထိ အမြတ်အစွန်းရနေတယ်။ တယောက်ချင်းစီအနေနဲ့ဆို ပျမ်းမျှ ယွမ် ၄ သောင်းကနေ ၅ သောင်းဖြစ်တယ်။ အဲ့တော့ အဖွဲ့အစည်းကြီး တခုလုံးမှာ အန္တရာယ်ရှိတဲ့ ဓါးတချောင်း ပုန်းကွယ်နေတယ်။ ဘယ်သူက တရားခံလဲဆိုတာ သေချာ မသိသရွေ့ သေချာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီး အထပ်ထပ် ခြစားမှုတွေကို ဖော်ထုတ်ရမှာဖြစ်တယ်။

Lion Heart ||Completed||Where stories live. Discover now