- 49 -

4.1K 598 40
                                    

"ရှောင်းကျန့်"

ဝမ်ရိပေါ်က သူ့နားနားမှာ ခပ်တိုးတိုးပြောတယ်။

"ငါက သူ မဟုတ်ဘူး။ ငါက ဝမ်ရိပေါ်"

ဝမ်ရိပေါ်က ရှောင်းကျန့်ကို ဆွဲပင့်တယ်။ ခဏလောက် ထိုင်ခိုင်းပြီး သူ့ရင်ခွင်ထဲ ထည့်တယ်။ ပြီးတာနဲ့ ဆံပင်တွေကို အထပ်ထပ်အခါခါ သပ်ပေးတယ်။

"ငါ ထွက်မသွားဘူး။ တောင်းပန်ပါတယ်"

ရင်ထဲ ကြီးမားတဲ လှစ်ဟာသွားမှုကြီး ဝင်ရောက်လာတယ်။ အသားအသားချင်း ထိထားသလို တယောက်အသားအပေါ် တယောက် နမ်းနေမိတယ်။ ရှောင်းကျန့်ရဲ့မျက်ရည်တွေဟာ ဝမ်ရိပေါ်ရဲ့လည်တိုင်မှာ ရွှဲစိုနေတယ်။

ရှောင်းကျန့်က သူ့ရင်ခွင်ထဲမှာ။ သူ့ဟာက ရှောင်းကျန့် ကိုယ်ထဲမှာ။

ဒါပေမဲ့ ဘာလို့များ မလုံလောက်နိုင်ရတာလဲ?

ကြောင်လေးတကောင်မွေးတယ်ဆိုတာ ဈေးကြီးပြီး အချိန်လည်း ပေးရတယ်။

သူ့ပုံစံဟာ လူကို ချွဲနေတဲ့ ကြောင်လေးတကောင်နဲ့တူနေမှန်း သူ့ကိုယ်သူလည်း သိတယ်။ သူ့ကို မွေးထားတယ်။ ပြီးတော့ ကမ္ဘာကြီးကို စူးစမ်းချင်တိုင်း စူးစမ်းခွင့်ပေးထားတယ်။ မျှော်လင့်ချက်တွေရှိတယ်။ စူးစမ်းလိုစိတ်တွေရှိတယ်။ စိုးရိမ်ရမှုတွေ၊ ပြီးတော့ ဒေါသတွေ။

တဖြည်းဖြည်းနဲ့ သူဟာ တခြားအရာတွေနဲ့ ကွဲပြားလာတယ်။ အနားမှာ ရှိနေရင် သူ့အရှေ့မှာပဲ ထုတ်ပြတတ်တဲ့ သူ့ရဲ့အစွယ်တွေ၊ သူ့ရဲ့ သိမ်းဝှက်ထားတဲ့လက်သည်းတွေ၊ သူ့ရဲ့ အားနည်းချက်တွေ၊ သူ့ရဲ့ စိတ်ကောက်တတ်မှုတွေနဲ့ သူမတူတဲ့ နာခံတတ်မှုတွေ။

တဖြည်းဖြည်းနဲ့ ကြောင်လေးက အဖိုးတန်လာတယ်။ ကမ္ဘာပေါ်က တခြားသော ဘယ်အရာနဲ့မှ မတူတော့ဘူး။ တခြား ဘယ်ကြောင်ကိုမှ မလိုချင်တော့ဘူး။

ဟန်ဆောင်နေပါတယ်ဆိုရင်တောင်၊ ကိုယ်နဲ့ မရင်းနှီးပါဘူးဆိုရင်တောင် တခြား ဘယ်အရာကိုမှ မလိုချင်တော့ဘူး။ သူ့မှာ အပြစ်အနာအဆာတွေ ရှိနေပါတယ်ဆိုရင်တောင် တခြားဘာကိုမှ ဂရုမစိုက်တော့ဘူး။ သူ အရာအားလုံးကို နားလည်ပေးနိုင်တယ်။

Lion Heart ||Completed||Where stories live. Discover now