- 87 -

3.6K 539 22
                                        

အခုရက်ပိုင်း အပြင်မှာ သူ့ကို စောင့်ကြည့်နေတဲ့သူတွေ အများကြီးပဲ။ အဲ့တော့ ဝမ်ရိပေါ်မှာ သတိထားနေရတယ်။

၃ ထပ်လောက် အုပ်ကာဝတ်ထားတဲ့သူ့ပုံကို Ableson က ကြည့်ပြီး ခဏလောက် မင်သက်နေသေးတယ်။ သူမှန်းသိတော့မှ ပြုံးပြတယ်။

"ဝမ်အချစ်သမားလေး ဒါက ဘာလဲ ဖက်ရှင်အသစ်လား?"

"fuck you"

"ငါပြောတာလည်း မပြောနဲ့။ မင်းပုံမင်း ပြန်ကြည့်။ မင်းအဖေတောင် မှတ်မိမှာမဟုတ်ဘူး။ ပျားဖမ်းသမားနဲ့တောင် တူသေးတယ်"

"မင်း ဟိုငပွေကောင်နဲ့ပေါင်းပြီး သူ့အကျင့်တွေ ကူးသွားတာလား။ ဘာလို့များ မင်းပါးစပ်က ထွက်သမျှ အကုန် နားထောင်မကောင်းရတာလဲ?"

"သူက ငါ့လောက် ဘယ်ဆိုးနိုင်မှာလဲ။ အယ် ဒါနဲ့ မင်းရော မင်းဟာလေးနဲ့ ပွဲကြီးပွဲကောင်း နွှဲရသေးလား? ငါ့မှာ သူ့ကို ကြည့်ပြီး လိပ်ပြာမလုံဘူး"

"မင်းက ဘာဖြစ်နေလို့?"

"မပြောပဲ ထိန်းထားရတာ မနေတတ်ဘူးဟ။ မင်းပဲ စဉ်းစားကြည့်။ ငါ့မှာ အဲ့လောက် လျှို့ဝှက်ချက်အကြီးကြီး သယ်ထားရတာ။ ပြီးတော့ ပါဝင်ပတ်သက်နေသူက ငါ့ရှေ့မှာ ဟို ဒီ မေးနေတာ။ ငါက ဘယ်လိုလို့ လိပ်ပြာလုံမှာလဲ!"

"သွားစမ်းပါ။ သူ့ရှေ့မှာ လျှောက်လုပ်မနေနဲ့"

"မလုပ်ပါဘူး။ ဘာပဲပြောပြော ငါကလည်း သူနဲ့ အကျိုးတူ ရင်းနှီးမြှုပ်နှံသူပဲလေ။ ဟုတ်တယ်မလား?"

ဝမ်ရိပေါ်က ခဏလောက် တိတ်ဆိတ်နေတယ်။ အဲ့ဒီ့နောက် သူ့လက်ချောင်းလေးတွေကို စားပွဲပေါ်မှာ တတောက်တောက် ခေါက်နေလိုက်တယ်။

"သနားစရာကောင်းတဲ့ပုံ လုပ်မနေနဲ့။ အလုပ်အရင် ပြီးအောင်လုပ်"

လျို့မင်းဆန်မှာ သက်ပြင်းဖွဖွ ချလိုက်တော့တယ်။

*

ရှောင်းကျန့် ပြန်လာတဲ့အချိန်မှာ ဝမ်ရိပေါ်က ဆိုဖာပေါ် ဂိမ်းကစားနေတယ်။ သူ့ရှေ့စားပွဲပေါ်မှာ မှာစားထားတဲ့ဘူးတွေ အပုံလိုက် ရှိနေတယ်။ ရှောင်းကျန့်ရဲ့ မျက်ခုံးတွေ မြင့်တက်သွားပြီး သူ့အသံကို မြှင့်လိုက်တယ်။

Lion Heart ||Completed||Where stories live. Discover now