- 13 -

5.3K 709 38
                                    

ရှောင်းကျန့် စဉ်းစားကြည့်တယ်။

ပထမအချက်။ ကုမ္ပဏီဟာ ဒီရင်းနှီးမြှုပ်နှံမှုကို တကယ့်အရေးကြီးကိစ္စကြီးလို မှတ်ယူလိမ့်မယ်လို့ သူ တကယ် ထင်မထားခဲ့ဘူး။ ဝမ်ရိပေါ်ကိုယ်တိုင် လာရတဲ့အထိကိုလေ။

ဒုတိယအချက်။ လူတိုင်းရဲ့ ရိုးရှင်းတဲ့စတိုင်ဆိုတာ ကော်ဇောနီထက်မှာ မဟုတ်ဘူး။ သူ ဒီနေ့ မိုးပြာရောင် ဂျင်းဂျက်ကက်လေး ဝတ်ထားတယ်။ ကာတီးယားရင်ထိုး တပ်မထားဘူး။ ဘယ်လိုပြောရမလဲ။ တခြားလူတွေက သူ့ကို နောက်ကွယ်က ထောက်ပံ့ပေးတဲ့ငွေတွေနဲ့ တောက်ပနေတဲ့လူလို့ ထင်သွားမှာစိုးတယ်။

တတိယအချက်။ သူနဲ့ အဝေးကြီးမှာ ရှိနေခဲ့တဲ့ ဒီလူဆိုးကောင်က သူ ရင်ထိုးတပ်မထားမှန်း သတိပြုမိလိမ့်မယ်လို့ ဘယ်သူက သိမှာတဲ့လဲ။

အင်းပေါ့။ သူ့အနေနဲ့ အပေါ်က အကြောင်းအရာတွေ ဝမ်ရိပေါ်ကို ဘယ်ပြောရဲပါ့မလဲ။ အဲ့တော့ သူ့မှာ ခါတိုင်း လုပ်နေကျ အတတ်ကောင်းလေးတွေ ထုတ်သုံးရင်း အရူးလေးလို ပြုံးပြလိုက်တယ်။

"မင်း ဒီနေ့ အလုပ်မရှုပ်ဘူးလား?"

"အလုပ်ရှုပ်စေချင်လို့လား?"

အင်း။ ရှောင်းကျန့်စိတ်ထဲ သူတော့ မိုင်းနင်းမိပြီလို့ ထင်တယ်။

အကျိုးဆောင်သူက ငွေသုံးပေးထားရပေမဲ့ လိုချင်တဲ့ အသုံးပြုမှု မရတဲ့အခါ ဘယ်လိုလို့ ကျေနပ်တော့မှာတဲ့လဲ။ အဲ့တော့ ရှောင်းကျန့်မှာ ဝမ်ရိပေါ်ရဲ့ ပခုံးကို ဖက်လို့ ခြေဆင်းထိုင်ထားတဲ့ပေါင်ပေါ် ထိုင်လိုက်တယ်။ သူ့ဂျက်ကက်အင်္ကျီကို ဘေးပစ်ချပြီး ဝမ်ရိပေါ်လည်တိုင်ကို အေးစက်စက်လက်တွေနဲ့ သိုင်းဖက်လိုက်တယ်။ ပြီးတာနဲ့ အပေါ်ကိုတိုးလို့ နှုတ်ခမ်းကိုနမ်းလိုက်တယ်။

"ထင်မထားလို့ပါ။ ပြီးတော့ မင်းစောင့်နေမယ်လို့လည်း ထင်မထားဘူးလေ။ ငါ အခုလေးတင် scene တွေ ရိုက်လာတာဆိုတော့ နောက်ကို ပိုကြိုးစားရမယ်"

ဒီလိုမျိုး ကလေးလို ချွဲတဲ့အပြုအမူက လူဆိုးကောင်အပေါ် အသုံးချရာမှာ တကယ်ကို အသုံးဝင်တယ်။

Lion Heart ||Completed||Where stories live. Discover now