- 74 -

3.4K 552 77
                                    

ရှောင်းကျန့်မှာ အိန္ဒိယကိုလာကတည်းက အပြင်ထွက် မလည်ရသေးဘူး။ အခု ဝမ်ရိပေါ် ရောက်နေပြီဆိုတော့ သူ မနက်စောစော အပြင်ထွက်လည်ဖို့ စဉ်းစားထားတယ်။

အစတုန်းကတော့ ဝမ်ရိပေါ်က ဟိုတယ်မှာပဲ အချိန်ဖြုန်းဖို့ပဲ။ ဒါပေမဲ့ ဒီအချွဲတုံးက အခန်းထဲမှာ ပြဿနာပတ်ရှာနေတာမို့ သူ ဘာမှ မတတ်နိုင်တော့ဘူး။

"မင်း ငါနဲ့ မဒိတ်ချင်ဘူးလား? မင်း ငါနဲ့ မဒိတ်ချင်ဘူးလား? မင်း ငါနဲ့ မဒိတ်ချင်ဘူးလား?"

ဒါဟာ ထွက်ချင်လား မထွက်ချင်လားဆိုတာအတွက် မေးနေတဲ့မေးခွန်း မဟုတ်ဘူး။

"လူကြီးရဲ့။ အိန္ဒိယက တကယ်မလုံခြုံတာ"

"ငါ လမ်းကြောင်းတွေကို သေချာစစ်ပြီးသွားပြီ။ သူစိမ်းတွေကို စကားမပြောရဘူး။ ပစ္စည်းဝယ်ရင် ဈေးဆစ်ရမယ်။ အနက်ရောင် မဝတ်ရဘူး။ ပြီးတော့ အဖိုးတန်တာတွေ သယ်မသွားရဘူး"

"ကဲ ကြည့်။ ငါ့မှာ မင်းလို အဖိုးတန်လေးရှိနေတာ ဘယ်လိုလို့ စိတ်အေးနိုင်တော့မှာလဲ?"

ရှောင်းကျန့်မှာ သူ့ကို Warning ပေးတဲ့အနေနဲ့ သွားဖြဲပြလိုက်တော့တယ်။

နှစ်ယောက်လုံး tourists တွေလို ဝတ်ဆင်ထားပြီး မျက်နှာတွေကို mask တွေ သေချာအုပ်ထားတယ်။ အဲ့ဒါတောင်မှ လမ်းတွေ့သမျှ လူတွေဟာ သူတို့နှစ်ယောက်ကို လှည့်ကြည့်လှည့်ကြည့် လုပ်သွားကြတယ်။

ရှောင်းကျန့်ဟာ ခုရက်တွေအတွင်းမှာ ဟိုတယ်မှာပဲနေပြီး ရိုက်ကွင်းထဲမှာ အချိန်ကုန်နေတာဖြစ်တယ်။ သူ့ဘေးမှာ လူပတ်ပတ်လည် ဝိုင်းနေခဲ့တယ်။ အဲ့တော့ သူ့မှာ ဗာရာနာစီရဲ့ အတွေ့အကြုံတွေကို မကြုံရသေးဘူး။ မြို့တော်ရဲ့လမ်းမပေါ်မှာ ဟွန်းသံပေါင်းစုံ ဆူညံနေပြီး လမ်းလယ်အကွေ့အချိုးတွေမှာ အရှိန်ထိန်းမရတဲ့ တွန်းလှည်းတွေ ရုတ်တရက်ကြီး ပေါ်လာတတ်တယ်။ သူ နည်းနည်းတော့ နောင်တရမိသလိုပဲ။

ဘယ်လောက်ပဲ ဒိတ်ချင်ပါတယ်ဆိုဆို၊ ဒီလိုနေရာမျိုးမှာ ဝမ်ရိပေါ်နဲ့ မဒိတ်သင့်ဘူး။

ဝမ်ရိပေါ်ပုံစံက အေးဆေးပဲ။ အပြင်ထွက်လာပါပြီဆိုကတည်းက သူ့ကို ပြောနေခဲ့တယ်။ ၂ နာရီလောက်ကြာရင် ဟိုတယ်ကို ညစာစားဖို့ ပြန်သွားမယ်တဲ့။ ရှောင်းကျန့်မှာ နည်းနည်းတော့ စိတ်အေးသွားရတယ်။

Lion Heart ||Completed||Where stories live. Discover now