- 17 -

5.3K 690 18
                                        

ကျန်းကျားချင်က သူ့ထက်အရင် စားပြီးသွားတယ်။ ဒါပေမဲ့ ထွက်မသွားဘူး။ အဲ့နေရာမှာထိုင်ပြီး သူမဖုန်းကို ထုတ်လို့ ဂိမ်းဆော့နေတယ်။ တခြား staff members တွေလည်း စားသောက်ခန်းထဲ ဝင်လာကြပေမဲ့ သူတို့ဆီကို လာကြတာမျိုး မရှိဘူး။

ကျန်းကျားချင်က မလှုပ်ဘူး။ ရှောင်းကျန့်လည်း မလှုပ်ချင်ဘူး။ ပြဿနာတက်မှာစိုးလို့ တမင်ထထွက်သွားတာထက်စာရင် သူ အဲ့နေရာမှာထိုင်ပြီး အသီးအရွက်တွေကို ဟိုထိုး ဒီထိုးပဲ လုပ်နေလိုက်တယ်။

ရှောင်းကျန့် အချိန်ကို ကြည့်ပြီး ရှောင်ချောင်းတယောက် မြို့ထဲက Starbucks ဆိုင်ကို ရောက်လောက်ပြီလို့တွေးတယ်။ ပြီးတာနဲ့ ဝီချက်ကနေ လှမ်းမေးတဲ့အခါ ရှောင်ချောင်းက တန်းစီနေပြီတဲ့။

ရှောင်းကျန့် စားပွဲကို ခေါက်လိုက်တယ်။

"ငါ့လက်ထောက်က ကော်ဖီဝယ်နေတယ်။ မင်းအတွက်ရော ဝယ်ပေးရမလား?"

ကျန်းကျားချင်က ဆတ်ခနဲမော့ကြည့်တယ်။ သူမမျက်လုံးလေးတွေ တလက်လက်တောက်သွားပြန်တယ်။

"ဘုရားရေ။ ကျမ latte အရမ်းသောက်ချင်နေတာ။ ဒါပေမဲ့ ကျမ မန်နေဂျာက ခဏနေ ပြန်လာတော့မှာ!"

သူမ ခဏလောက် ဟိုဒီတွေးလိုက်သေးတယ်။ သူမဖုန်းထဲက ဂိမ်းကာရိုက်တာဆီက သေတဲ့အသံထွက်လာမှ အာမေဋိတ်သံတချက်ပေးပြီး ခေါင်းငုံ့သွားတယ်။

"ထားလိုက်တော့။ အမေရိကာနိုပဲသောက်တော့မယ်။ ကျမ အမေရိကာနိုသောက်မယ်။ ကျေးဇူးပါ"

"မင်းလက်ထောက်က ဘယ်သွားလို့လဲ?"

"မန်နေဂျာနဲ့အတူ ထွက်သွားတယ်"

သူမက ခေါင်းပြန်မော့လာပြီး ရှောင်းကျန့်ကို မျက်နှာတည်ကြီးနဲ့ ပြောတယ်။

"ခရမ်းသီး ယူစားတဲ့အကြောင်း မပြောရဘူးနော်!"

ရှောင်းကျန့်မှာ ပြုံးပြပြီး ခေါင်းသာခါလိုက်တော့တယ်။

*

ရှောင်ချောင်းပြန်လာတဲ့အချိန်မှာ ရှောင်းကျန့်က ထမင်းဘူးကို ပြန်သိမ်းပြီးသွားပြီဖြစ်တယ်။ ကျန်းကျားချင်ရှေ့မှာ ထိုင်ရင်း ခုံပေါ် မေးထောက်လို့ ကျန်လက်တဖက်နဲ့ ဖုန်းပွတ်နေတယ်။

Lion Heart ||Completed||Where stories live. Discover now