ဝမ်ရိပေါ်က လမကုန်ခင် အိမ်ပြန်လာတယ်။ အဲ့လိုမှ မဟုတ်ရင် ရှောင်းကျန့်က group ကို မကြာခင် join တော့မှာ ဖြစ်တယ်။
သူ ဘာလက်ဆောင်မှ မျှော်လင့်မထားဘူး။
ရှောင်းကျန့်က လက်ဆောင်ကို ခေါင်းအုံးအောက် ခပ်သွက်သွက် ထည့်ဖွက်ထားတယ်။ ဝမ်ရိပေါ် အိပ်ရာပေါ် လှဲလိုက်တဲ့အခါ ခေါင်းအုံးအောက်က ခိုးလို့ခုလုကြောင့် လှန်ကြည့်ရင်း မြင်သွားတယ်။ ဘာမှန်းမသိတာမို့ ဆိုဖာပေါ်မှာ ပျင်းတိပျင်းတွဲထိုင်ပြီး ရုပ်ရှင်ကြည့်နေတဲ့လူကို လှမ်းမေးတယ်။
"ဒါက ဘာလဲ?"
"ဆွဲကြိုးလေ"
ရှောင်းကျန့်က မျက်လုံးထောင့်ကနေ တချက်လှမ်းကြည့်ပြီး သူ့လက်ထဲက ခေါင်းအုံးကို သက်တောင့်သက်သာအနေအထားဖြစ်အောင် ပြောင်းတယ်။
"မသိဘူးလား"
"ငါ့အတွက်လား?"
ဝမ်ရိပေါ်က အူလည်လည်နဲ့ သူ့ကိုယ်သူ လက်ညိုးထိုးပြတယ်။
"အမ် အဲ့လိုမှမဟုတ်ရင် သရဲပေးရမှာလား?"
ရှောင်းကျန့်က စကားကောင်းကောင်း မပြောပေမဲ့ ဝမ်ရိပေါ်ရဲ့ စိတ်ကြည်နေတာကိုတော့ ထိခိုက်မသွားဘူး။
သူ အနားလျှောက်သွားပြီး ရှောင်းကျန့်လက်ထဲက ခေါင်းအုံးကို ဆွဲယူလိုက်တယ်။ ပြီးတာနဲ့ ရှောင်းကျန့်ခြေထောက်ပေါ် တက်ထိုင်လိုက်တယ်။
"ဝတ်ပေး"
"ဘယ်လိုလို့ ဝတ်ပေးလို့ရမှာလဲ!"
ရှောင်းကျန့်ရဲ့နှုတ်ခမ်းက ရှေ့ကို တတောင်လောက် ထွက်နေတယ်။ စူပုပ်နေတဲ့မျက်နှာပေးနဲ့အတူ လည်ပင်းတပြန်လည်စောင်းပြီး ဆွဲကြိုးဝတ်ပေးတယ်။
"ကျေးဇူးပါ ငါ အရမ်း သဘောကျတယ်"
"အယ်? အင်း... အဲ့လောက် ဈေးမကြီးပါဘူး"
"မင်းပေးတာမှန်သမျှ အကုန်သဘောကျတယ်"
ရှောင်းကျန့်က ရှက်ကိုးရှက်ကန်းရယ်တယ်။
"တကယ်တော့ အဲ့ဒါ couple ဆွဲကြိုး"
သူ အင်္ကျီကြယ်သီးဖြုတ်ပြီး ဆွဲကြိုးအလယ်က စိန်သေးသေးလေးကို ပြလိုက်တယ်။
YOU ARE READING
Lion Heart ||Completed||