- 85 -

3.5K 525 33
                                    

ဝမ်ရိပေါ်က ပင်ပန်းခြင်း ကင်းမဲ့တဲ့ သားရိုင်းကောင်လိုပဲ။

ရှောင်းကျန့်မှာ တညလုံးနီးပါး အနှိပ်စက်ခံရတယ်။ သူ အိပ်ပျော်တဲ့အချိန်မှာ မနက် မိုးလင်းခါနီးနေပြီဖြစ်တယ်။ အိပ်ခန်းထဲမှာ ရှုပ်ပွနေတယ်။

သူ နိုးတဲ့အချိန်မှာ ဝမ်ရိပေါ်က သူ့ထက်တောင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတယ်။ သူ့တကိုယ်လုံးကို ရေဘဝဲကောင်လို ဖက်တွယ်ပူးကပ်ထားတယ်။ ရှောင်းကျန့် စိတ်ဆိုးဆိုးနဲ့ တွန်းဖယ်တဲ့အခါ မကျေနပ်တဲ့အသံလုပ်တယ်။

"မင်း အလုပ်မသွားဘူးလား? ဝမ်ရိပေါ်"

ရှောင်းကျန့် သူ့ဖနောင့်နဲ့ နှစ်ချက်လောက် ပေါက်လိုက်တော့ လွတ်သွားတယ်။ ပြီးတာနဲ့ ဝမ်ရိပေါ်က ပြန်ဖက်လာပြန်တယ်။ မျက်လုံးတဖက်ပဲ ဖွင့်ပြီး သူ့မျက်နှာကို အိပ်ချင်မူးတူးနဲ့ နမ်းတယ်။ ပြီးတော့ အိပ်ရာပေါ် ပြန်လဲကျသွားတယ်။

ရှောင်းကျန့်မှာ မျက်နှာကြက်ကို တွေတွေငေးငေးလေး စိုက်ကြည့်နေမိတယ်။ မိနစ်အနည်းလောက် စောင့်ပြီးတဲ့အထိ ဝမ်ရိပေါ်က မနိုးသေးဘူး။ အဲ့တော့ သူ့မှာ နှိုးရပြန်တယ်။

"ဝမ်ရိပေါ် ဝမ်ရိပေါ်!"

"ဟင်--"

မနိုးသေးဘူး။ ရှောင်းကျန့် ဘယ်လိုမှ မနေနိုင်တော့ဘူး။ ကိုက်ခဲနေတဲ့ သူ့ကိုယ်လုံးကို အတင်းဆွဲထုတ်ပြီး ဝမ်ရိပေါ်လက်ထဲက ထွက်တယ်။ ဝမ်ရိပေါ်က လက်လှမ်းလို့ ပြန်ဆွဲဖို့ လုပ်တာမို့ ရှောင်းကျန့်မှာ သူ့ခေါင်းအုံးကို ယူပြီး သူ့လက်ထဲ ထိုးထည့်ပေးလိုက်တယ်။ လူဆိုးကောင်ဟာ ခေါင်းအုံးကို ဖက်လို့ မျက်နှာနဲ့ ဟိုပွတ် ဒီပွတ်လုပ်ရင်း ခေါင်းလေး စောင်းငဲ့လို့ ပြန်အိပ်ပျော်သွားတယ်။

ကောင်းတယ်။ တော်တော်ဟုတ်နေတယ်ပေါ့လေ။

ရှောင်းကျန့် ရိုက်ဖို့အတွက် လက်မြှောက်လိုက်တယ်။ လူဆိုးကောင်က မျက်လုံးမှိတ်ထားတာမို့ သူ့ကို မမြင်ဘူး။ အဲ့တော့ ရှောင်းကျန့်မှာ လက်သီးဆုပ်လိုက်ပြီး လက်ပြန်ချလို့ ဒေါသတကြီးနဲ့ ရေချိုးခန်းထဲ ဝင်သွားတော့တယ်။

Lion Heart ||Completed||Where stories live. Discover now