- 68 -

4K 578 39
                                    

ဝမ်ရိပေါ်စဉ်းစားကြည့်တယ်။ ရှောင်းကျန့်ပြောတာမှန်တယ်။ သူချက်တဲ့ဟင်းကို စားဖူးတဲ့လူတိုင်း သူ့ကို ချစ်သွားကြတဲ့လူချည်းပဲ။

သူ စွပ်ပူပူကို တဇွန်းသောက်လိုက်တယ်။ မျက်ရည်တွေ ကျလာတယ်။ သူ ဒီလို ခံစားချက်မျိုး မခံစားဖြစ်တာ အကြာကြီး ကြာခဲ့ပြီဖြစ်တယ်။

"ဘာဖြစ်လို့လဲ?"

ရှောင်းကျန့်က အောက်နှုတ်ခမ်းကို ဖိကိုက်ရင်း ဝမ်ရိပေါ်ကို ကြည့်တယ်။

"သောက်ရခက်လို့လား? အရမ်းငန်နေလို့လား?"

ဝမ်ရိပေါ်က ခေါင်းခါတယ်။

"အရမ်းကောင်းတယ်"

ရှောင်းကျန့် ခုမှ စိတ်အေးသွားသလို သက်ပြင်းချတယ်။

"အဲ့ဒါကို ဘာလို့ ပြန်မပြောပဲ အကြာကြီးနေ..."

တခုခု မှားနေမှန်း သတိထားမိတာမို့ ဝမ်ရိပေါ်ရဲ့ မျက်နှာကို ကြည့်လိုက်တယ်။ မကောင်းတာကို တမင် အကောင်းပြောနေမှာစိုးတဲ့စိတ်နဲ့။

"အယ်? မင်း ဘာလို့....."

ဝမ်ရိပေါ်က ငိုတော့မှာလား? Soup က အရမ်းပူလို့များလား?

သူ ဘာလုပ်ရမှန်းမသိဖြစ်သွားတယ်။ ဝမ်ရိပေါ်က ခေါင်းမော့လာတယ်။ နှာတချက်ရှုံ့ပြီး သူ့လက်ကို ဖျစ်တယ်။

"ငါ အရမ်း ပျော်လို့ပါ။ ဒီလို အိမ်ချက်ဟင်းအရသာကို မစားရတာ အတော်ကို ကြာပြီမို့"

ရှောင်းကျန့်က မယုံသလိုပြောတယ်။

"အဒေါ်ကြီးချက်တာက ပိုကောင်းတာကို"

"မတူဘူးလေ"

သူ ခေါင်းခါပြီး ဘာမှ ထပ်မပြောတော့ဘူး။ သူ့ ခံစားချက်တွေ ပြန်တည်ငြိမ်သွားတဲ့အခါ ပန်းကန်လုံးကို ကောက်ကိုင်ပြီး တကျိုက်တည်း မော့ချပစ်တော့တယ်။

စားပြီးတဲ့နောက်မှာ မသွားခင် ရှောင်းကျန့်နဲ့ တရေးတမောအိပ်ဖို့ ဇွတ်လုပ်တယ်။ ဒါပေမဲ့ နှစ်ယောက်လုံးက တွေးစရာတွေ များနေတာမို့ အိပ်မပျော်ဘူး။

ဝမ်ရိပေါ်က ရှောင်းကျန့်ကို ရင်ခွင်ထဲမှာ ထည့်ပြီး အနောက်ကနေ ဝိုက်ဖက်ထားတယ်။ ရှောင်းကျန့်က သူ့လက်ချောင်းလေးတွေကို ဆော့နေတာမို့ တင်းတင်း တိုးဖက်လိုက်တယ်။

Lion Heart ||Completed||Where stories live. Discover now