- 51 -

4.4K 602 42
                                    

တူညီသော အိပ်ရာ၊ တူညီသော အခန်း။ ရက်ပေါင်းများစွာ ဒီအခန်းထဲမှာ အတူတူ ရှိခဲ့တယ်။ ဒါပေမဲ့ ဒီနေ့ မျက်လုံးဖွင့်လိုက်တဲ့အခါမှာတော့ ရှောင်းကျန့်စိတ်ထဲ အရာအားလုံးက ကွဲပြားနေသလိုပဲ။

ရုတ်တရက်အတွေးကြောင့် သူ နိုးလာခဲ့တယ်။ သူ ဟိုတွေး ဒီတွေးနဲ့ မနက်မိုးလင်းသွားတယ်။ သူ ခဏပဲ အိပ်ရသေးတယ်။ သူ့မျက်ဝန်းတွေဟာ နာကျင်နေသလိုမျိုး ရုတ်တရက် ပွင့်သွားခဲ့တယ်။

အခန်းထဲမှာ အရမ်းတိတ်ဆိတ်နေတယ်။ နွေးထွေးတဲ့ဆောင်းဦးနေမင်းဟာ ကန့်လန့်ကာတွေ ကြားကနေ အခန်းထဲ ထိုးဖောက်ဝင်ရောက်လာပြီး ကြမ်းပြင်ပေါ်မှာ ခပ်ဝါးဝါး အရိပ်တွေ ထင်နေတယ်။ ကြည့်လို့ကောင်းပေမဲ့ အခုချိန်မှာ သူ ဂရုစိုက်ဆုံးအရာကတော့ သူ့တကိုယ်လုံးကို လွှမ်းခြုံထားတဲ့၊ ခပ်မှန်မှန်နဲ့ ဖွဖွလေး ရှူရှိုက်နေတဲ့ အသက်ရှူသံပါပဲ။

ဝမ်ရိပေါ်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတယ်။ ဒါပေမဲ့ သူ့ကို ဖက်ထားတဲ့ပုံကတော့ အရမ်းကို နိုင်စားလွန်းတယ်။ ရှောင်းကျန့် နည်းနည်းလောက် လှုပ်လိုက်တဲ့အခါ နှာရှုံ့သံနဲ့အတူ သူ့ကို ပိုတင်းတင်းကြပ်ကြပ် ဖက်တယ်။

ဒါပေမဲ့ နိုးလာတာပါပဲ။

"Um... ဘယ်အချိန်ရှိပြီလဲ?"

"၈ နာရီကျော်ပဲ ရှိသေးတယ်။ မင်း နည်းနည်းလောက် ထပ်အိပ်ချင်သေးလား?"

ဝမ်ရိပေါ်က ဘာမှ မပြောဘူး။ သူ့မျက်ခွံတွေကတော့ ပိတ်ထားတုန်းပဲ။ ဒါပေမဲ့ ရှောင်းကျန့်ကိုယ်လုံးကို သူ့ဘက်ရှိရာ အားနဲ့ဆွဲလှည့်ပြီး သူ့တကိုယ်လုံးနဲ့ ပွတ်သပ်တယ်။ သူ့ခေါင်းကို ရှောင်းကျန့်ရင်ခွင်ထဲ မြှုပ်နှံရင်း ခဏလောက်ကြာမှ ခပ်တိုးတိုး ရေရွတ်တယ်။

"... မမှတ်မိတော့ဘူး"

ရှောင်းကျန့် ကြောင်သွားတယ်။

ဝမ်ရိပေါ်က သူ့ကို ဖက်လုံးကြီးလို ခွထားတယ်။ ပြီးတော့ နောက်ထပ် မိနစ်အနည်းငယ်လောက် ထပ်အိပ်တယ်။ အဲ့ဒီ့နောက်မှာ ရှောင်းကျန့်ရဲ့ လည်တိုင်ကို သူ့နှုတ်ခမ်းနဲ့ လိုက်တို့ထိတယ်။ ဟိုဒီ လိုက်နမ်းပြီးမှ သက်ပြင်းဖွဖွ ချတယ်။

Lion Heart ||Completed||Where stories live. Discover now