- 77 -

3.5K 471 11
                                    

ဒါရိုက်တာကောင်းကျို့ရဲ့အင်တာဗျူးက Hot search ဝင်သွားတယ်။ ဒါပေမဲ့ မကြာခင်မှာ မားကက်တင်းအကောင့်တွေရဲ့ လှောင်ပြောင်ခြင်း ခံရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဇာတ်ကားမတိုင်ခင် ရှောင်းကျန့်မှာ မှတ်မှတ်ရရ ဘာကားမှ ရှိမထားလို့ပါပဲ။ fansite တွေက ပိုင်ဖန်းယောင်ဇာတ်ကားထဲမှာပါတဲ့ ရှောင်းကျန့်ရဲ့ ပုံတွေကို ထုတ်ပေးကြတယ်။ အထူးသဖြင့် စစ်ပွဲထဲမှာ သွေးအလိမ်းလိမ်းနဲ့ ငိုနေတဲ့ပုံတွေဖြစ်တယ်။

မားကက်တင်းအကောင့်တွေက လှောင်ပြောင်လေ၊ ဖန်တွေက ကုမ္ပဏီကို ဖြေရှင်းချက်တောင်းလေဖြစ်တယ်။ တချို့ဖန်အသစ်တွေက ရှောင်းကျန့်ရဲ့ debut တုန်းကပုံတွေကို လိုင်းပေါ် ဖြန့်ကြတယ်။

ဖန်အဟောင်းတချို့တောင်မှ ဟေးယောင်ကို အပြစ်တင်တာတွေ ရှိလာတယ်။ တဖြည်းဖြည်း ပေါ်ကျွင်းရိရှောင်း cpf တွေဘက်ကို ရောက်သွားပြီး မကြာခင်မှာပဲ ဖန်တွေ စုဝေးလို့ ရှောင်းကျန့်အတွက် တရားမျှတမှုရှာပေးဖို့ ဟေးယောင်ကို ဖြေရှင်းချက်တွေ တောင်းလာတယ်။

ဒီမတော်တဆမှုက hot search ထဲ တကြိမ်ဝင်သွားသေးတယ်။ ပါဝင်ပတ်သက်နေသူတွေမှာ ငိုရမလား၊ ရယ်ရမလားတောင် မသိတော့ဘူး။ သူတို့ ဖန်တွေကို ဘယ်လိုရှင်းပြရမှာလဲ?

တခါတလေကျရင် ရှောင်းကျန့်မှာ နားကို မလည်နိုင်ဘူး။ ဘာအဖြေမှကို ရှာမတွေ့နိုင်ဘူး။

လူအများကြီးရဲ့ နှစ်သက်မှုခံရတာ ကောင်းပါတယ်။ ဒါပေမဲ့ လူတွေအများကြီးဟာ အပေါ်ယံပြောတဲ့ သဘောကျနှစ်သက်ပါတယ်ဆိုတဲ့စကားကို အသုံးချပြီး တဖက်သားကို ပြန်ချိန်းခြောက်တတ်တယ်။

ဝေ့ပေါ်မှာ ပို့စ်တင်သလိုပဲ။ ကိုယ်ပိုင်အကောင့်၊ ကိုယ်ပိုင်နေရာမှာ ကိုယ်သဘောကျတာ တခုခုကို ပို့စ်တင်လိုက်တယ်။ အဲ့ကျရင် အောက်ကနေ "selfie" ပေးပါ ဘာညာဆိုပြီး ကွန်မန့်ကနေ လာတောင်းကြတယ်။ တချို့တွေက ကိုယ့်ပို့စ်ကို အဓိပ္ပါယ်တမျိုးကောက်ကြတယ်။ တချို့ကတော့ လျစ်လျူရှုတယ်။ အခု လက်တွေ့လောကကြီးမှာ လူသန်းပေါင်းများစွာ ရှိတယ်။ အဲ့ဒီ့လူတွေ အကုန်လုံးဟာ သူတို့ကြည့်ချင်တဲ့အရာကိုပဲ မြင်ကြတာဖြစ်တယ်။

Lion Heart ||Completed||Where stories live. Discover now