ထူးဆန်းတဲ့မွှေးရနံ့တွေကြောင့် ရှောင်းကျန့် အိပ်ရာနိုးလာခဲ့တယ်။
သူမျက်လုံးကို ဖွင့်လိုက်တဲ့အထိ ငေးတိငေးငိုင် ဖြစ်နေတုန်းပဲ။ သူ ထိုင်လိုက်တဲ့အခါမှ အိပ်မက်မဟုတ်မှန်းသိတယ်။ ဧည့်ခန်းထဲမှာ ပန်းတွေ အများကြီး ရှိနေတယ်။ ပန်းမျိုးစုံပဲ။ တချို့ပန်းတွေဆို ရှောင်းကျန့်မှာ နာမည်တောင် မသိဘူး။ တအိမ်လုံးကို ပန်းခြံဘဝရောက်အောင် လုပ်လိုက်သလိုမို့ သူ့မှာ အံ့ဩနေရတာတင်အကြာကြီးပဲ။ လူဆိုးကောင်များ တံခါးဖွင့်ပေးလိုက်တာလား? တကယ်ဆို ပန်းတွေပို့တယ်ဆိုတာ ငွေဖြုန်းတာသက်သက်ပဲမလား။ ပန်းဆိုတာ ခဏလောက်ပဲ ခံတာကို။
သူ အောက်ထပ်က အဒေါ်ကြီးကို ဖုန်းဆက်မေးကြည့်တဲ့အခါ လူဆိုးကောင် ပြန်မလာသေးဘူးဆိုတာ သိလိုက်ရတယ်။ ပန်းတွေကို ဒီမနက် ပို့လာပေးတာဖြစ်တယ်။ သူ အိမ်ထဲမှာ ဖိနပ်မစီးပဲ လျှောက်သွားကြည့်ပေမဲ့ တခြားဘာမှမတွေ့ဘူး။ လူဆိုးကောင် ညက ပြန်လာတာပဲဖြစ်ရမယ်။ အဲ့ဒါနဲ့ သူ ထောင့်တနေရာမှာ ထိုင်ရင်း ဖုန်းထဲက စာတွေကို အေးအေးဆေးဆေး ထိုင်ဖတ်တယ်။
အံ့ဩဖို့ကောင်းတာက လုရှို့မင်ရဲ့ အသံမက်ဆေ့ချ်ကြောင့်ပါပဲ။
"ပျော်ရွှင်သာမွေးနေ့ပါ ကော။ ကျနော်ပို့ပေးတဲ့ ပန်းတွေကို ကြိုက်ရဲ့လား?"
ရှောင်းကျန့် ခေါင်းပေါ်မှာ ချက်ချင်း Question marks တွေ ပြည့်သွားတယ်။ သူ သေချာ စဉ်းစားကြည့်တယ်။ လုရှို့မင်က သူ ဘယ်မှာနေလဲဆိုတာကို သိသွားတာတော့ မဖြစ်နိုင်လောက်ဘူး။ အကယ်၍ သိသွားတယ်ဆိုရင်တောင် ဝမ်ရိပေါ်ကို အရင် သတင်းပို့ရမှာပဲလေ။ ဟုတ်တယ်မလား?
အဲ့ဒါနဲ့ သူ ကျန်းရှန်ကို အမြန် ဖုန်းခေါ်လိုက်တယ်။
အတွင်းရေးမှူးကျန်းဆီကနေ ကြားရတဲ့သတင်းအရ အဖြစ်အပျက်တခုလုံးကို ရှောင်းကျန့် နားလည်သွားတော့တယ်။ ဒီနေ့မနက် အစောကြီးမှာ လုရှို့မင်က သူ့ဒေါသကို ဖောက်ထုတ်တဲ့အနေနဲ့ ဟေးယောင်ကို နှင်းဆီပန်း ၉၉၉၉ ပွင့် ပို့လိုက်တယ်တဲ့။ သူ ဖန်းချန်ကို ဖုန်းမဆက်ပဲ ကျန်းရှန်ဆီ တိုက်ရိုက်လှမ်းပြောတာဖြစ်တယ်။ ဝမ်ရိပေါ်က ပန်းတွေကို မြင်တဲ့အခါ ကုမ္ပဏီတခုလုံးကို ဝေပေးပစ်တယ်။ ပြီးတာနဲ့ ပန်းဆိုင်တဆိုင်လုံးက ပန်းတွေကို အကုန်ဝယ်ပြီး ရှောင်းကျန့်ဆီ ပို့လိုက်တာဖြစ်တယ်။
YOU ARE READING
Lion Heart ||Completed||