- 9 -

5.7K 752 21
                                    

ရှောင်းကျန့် ဒီဖျော်ဖြေရေးလောကကို စတင်ဝင်လာခဲ့တုန်းက ဓါတ်ပုံ ဘယ်လိုရိုက်ရမယ်ဆိုတာ မသိခဲ့ဘူး။ သူ ကင်မရာရှေ့ ရပ်လိုက်တာနဲ့ ခေါင်းကိုက်တာ၊ လည်ပင်းနာတာ စသဖြင့် တကိုယ်လုံး တခုခု ဖြစ်တော့တာပဲ။ ဒါပေမဲ့ အခုချိန်မှာ ဓါတ်ပုံဆရာရဲ့ တောင်းဆိုချက်အရ လိုချင်တဲ့ ခံစားချက်အတိုင်း သူ ကောင်းကောင်းပြသနိုင်ပြီဖြစ်တယ်။ သူစဉ်းစားကြည့်တယ်။ ဒီလိုမျိုး ဓါတ်ပုံရိုက်ရတယ်ဆိုတာ သရုပ်ဆောင်တာနဲ့ ခွဲခြားလို့မရဘူးလို့ပေါ့။

ကင်မရာကို အသားကျသွားလို့ရယ်တော့ မဟုတ်ဘူး။ ကိုယ့်ကိုကိုယ် တခြားဘဝတခုမှာ ထားကြည့်တဲ့ခံစားချက်ကို နေသားကျသွားတာ။

ဒီလမ်းကြောင်းပေါ်မှာသာ မစတင်ဖြစ်ခဲ့ရင်၊ သရုပ်ဆောင်ဘဝကိုသာ မရွေးချယ်ဖြစ်ခဲ့ရင်၊ အခုချိန်မှာ သူ့ဘဝက ဘယ်လိုများ ဖြစ်နေမလဲ? ဒါကိုတော့ ရှောင်းကျန့်ကိုယ်တိုင်တောင် ကောင်းကောင်းမဖြေနိုင်ဘူး။

လူရှို့မင် ပြီးသွားတာနဲ့ တခြားအဖွဲ့က ဝင်လာတယ်။ ချူးချီချီဖြစ်ပြီး ဟုန်းယန် show ရဲ့ ဒုတိယမင်းသမီးဖြစ်တယ်။ ရှောင်းကျန့်က သူ့ဖုန်းကို ရှောင်ချောင်းဆီပေးပြီးတာနဲ့ ရိုက်ကွင်းရှိရာဆီ သွားဖို့ပြင်တယ်။ လုရှို့မင်ဘေးက ဖြတ်သွားတဲ့အခါ ခဏနေ လိုက်လာမယ့်အကြောင်း လှမ်းပြောတယ်။ ရှောင်းကျန့် ခေါင်းညိတ်ပြလိုက်တယ်။ သူ ဖြတ်သွားလို့ ၂ လှမ်းလောက်ပဲ ရှိသေးတယ်။ အနောက်ကနေ အော်သံကြားလိုက်ရတယ်။

သူ ခေါင်းကို လှည့်ကြည့်လိုက်တဲ့အချိန်မှာ ရိုက်ကွင်းကို မီးထိုးပေးတဲ့ Cantilever က လုရှို့မင်ရှိရာ တဖြည်းဖြည်း လဲကျလာတယ်။ ပစ္စည်းက ကြီးတာမို့ ချက်ချင်း ဝုန်းခနဲ လဲမကျဘူး။ ဒါပေမဲ့ လူကို ထိရင် ပြင်းပြင်းထန်ထန် ထိခိုက်တတ်တယ်။ သတိထားဖို့ ရှောင်းကျန့် အော်လိုက်ပြီး ဘေးက ရှောင်ချောင်းကို ဆွဲလိုက်တယ်။

ဒါပေမဲ့ လုရှို့မင်ရဲ့ အဖွဲ့ထဲက လူတော်တာ်များများဟာ သူတို့ရတနာထုပ်လေးကို မထိခိုက်အောင် သေချာကာကွယ်ရင်း Cantilever ကို တွန်းလိုက်ကြတယ်။ ဗုံးသေးသေးလေး ပေါက်ကွဲသွားသလိုပဲ။ ရှောင်ချောင်းကို ကာကွယ်ပေးထားတဲ့ ရှောင်းကျန့်ပေါ်ကို ရိုက်ခတ်မိသွားတယ်။

Lion Heart ||Completed||Where stories live. Discover now