ကျန်းကျားချင်က ခေါင်းငုံ့လို့ ခပ်ဖွဖွ ရေရွတ်တယ်။
"ဟေး ဒါပေမဲ့ ရှက်ဖို့ကောင်းတယ်။ လူကြီးဖြစ်ပြီး ဖွင့်ပြောဖို့ကို အရက်အကူအညီ ယူနေရသေးတယ်။ စိတ်ကုန်စရာကြီး"
"သဘောကျနေရဲ့သားနဲ့ တယောက်နဲ့တယောက် လွဲချော်သွားတာထက်စာရင်တော့ ကောင်းပါသေးတယ်"
ကျန်းကျားချင်က သက်ပြင်းချတယ်။
"တကယ်တော့လေ လုလုကလည်း..."
"တော်တော့!"
ရှောင်းကျန့်မှာ ရယ်ရမလို ငိုရမလိုနဲ့ သူမစကားကို ဝင်ဖြတ်တားလိုက်တယ်။
"မင်း အခုထိ ဘာလို့များ လက်မလျှော့သေးတာတုန်း?"
ဒါပေမဲ့ ခဏအကြာမှာ သူ ရုတ်တရက် တစုံတခုကို တွေးမိသွားတယ်။
"မင်းကို မေးဦးမယ်။ အင်တာနက်မှာ လူတွေ ဘယ်လောက်တောင် အဲ့ကိစ္စကို ပြောနေကြတာလဲ?"
"ကော ဘာတွေ ပြောနေတာ?"
"ငါနဲ့ လုရှို့မင်နဲ့ကိုလေ"
"ပြောကြတာပေါ့! ဟိုတခေါက် ကောတို့ကို လေဆိပ်မှာ အတူတွေ့တုန်းကဆို cpf တွေကြား ဘယ်လောက်တောင် ပွဲဆူသွားလဲ သိလား? Cpf တွေ အကုန်လုံး ကောတို့ ဇာတ်လမ်းထွက်မယ့်နေ့ကို စောင့်နေကြတာ။ ကျမအထင် ကောတို့နှစ်ယောက် အတော်နာမည်ကြီးသွားမယ်ထင်တယ်"
"ဒါပေမဲ့ ငါက သူနဲ့ တကယ်ကို ဘာမှမဟုတ်တာ။ ငါ့မှာ ဘာမှတောင် မပြောလိုက်ရဘူး"
ကျန်းကျားချင်က သက်ပြင်းချရင်း ခေါင်းခါတယ်။
"ဆရာရှောင်းက ကိုယ့်ရဲ့ စန်းကို ကိုယ်မသိတာပဲ။ အဲ့ဒါကြောင့်လည်း တခြားလူရဲ့ နှလုံးသားကို နားမလည်တာပေါ့"
"ငါက အဲ့လောက်တောင် တုံးတယ်လား? သူသာ ငါ့ကို တကယ်သဘောကျရင် သေချာပေါက် ငါ သတိထားမိမှာပေါ့"
ကျန်းကျားချင်က မျက်နှာသေနဲ့ ဟီဟီလို့ ထရယ်တယ်။
ရှောင်းကျန့် စဉ်းစားကြည့်တယ်။ လူဆိုးကောင်ဟာ တကယ်ပဲ ဒီကိစ္စကို သတိထားနေတာများလား? သူနဲ့ လုရှို့မင်နဲ့ကိုလေ?
YOU ARE READING
Lion Heart ||Completed||