- 86 -

3.7K 563 41
                                    

ရှောင်းကျန့် စဉ်းစားကြည့်တယ်။ အကယ်၍များ ဝမ်ရိပေါ်သာ ရိုးရိုးရုံးအလုပ်သမားလေးဖြစ်သွားလို့ သူ့ရဲ့ အရှိန်အဝါတွေ ပျောက်ကွယ်သွားရင် ဘယ်လိုပုံစံ ဖြစ်နေမလဲ။

အခု ဝမ်ရိပေါ်ဟာ သူ့ရှေ့မှာ တင်ပျဉ်ခွေ ထိုင်နေတယ်။ သူ့လက်ထဲမှာ ခေါင်းအုံးကို ပိုက်ထားပြီး ရှောင်းကျန့်ရဲ့ အဖြူရောင်တီရှပ်အင်္ကျီနဲ့ ဘောင်းဘီတိုကို ဝတ်ထားတယ်။ သူ့မျက်နှာအောက်ပိုင်းတခြမ်းကို ခေါင်းအုံးနဲ့ ကားထားပြီး လူကို ခွေးပေါက်လေးလို မျက်လုံးမျိုးနဲ့ ကြည့်နေတယ်။

(Spelling edit : ခေါင်းအုံးနဲ့ ကားထားပြီး = ခေါင်းအုံးနဲ့ ကွယ်ထားပြီး)

"မင်း အကုန်သိပြီးပြီလား?"

ရှောင်းကျန့် ဟက်ခနဲ နှာတချက်မှုတ်လိုက်တယ်။

"ဘာတွေ ဖြစ်လာတာလဲ?"

"ကိစ္စနည်းနည်းလေးပါ"

"ဝမ်ရိပေါ်!"

"ပါးနဲ့... ပါးနဲ့ ရန်ဖြစ်လာတာပါ"

ရှောင်းကျန့်က ဘာစကားမှ မပြောပဲ သူ့ကို မျက်စောင်းထိုးကြည့်တယ်။ ဒါပေမဲ့ ဝမ်ရိပေါ်က ခေါင်းလေး စောင်းငဲ့လို့ သူ့လည်ပင်းကို ကုတ်တယ်။

"ငါ မင်းကို အရင်က ပြောဖူးတယ်လေ။ ပါပါးက အရမ်းခေါင်းမာပါတယ်လို့။ သူက ငါ့ကို အမြဲ အိမ်ထောင်ပြုစေချင်နေတာ"

ဝမ်ရိပေါ်က ပြောရင်း ခေါင်းငုံ့လို့ သူ့လက်သည်းတွေကို ကုတ်ခြစ်တယ်။

"ငါ သူ့ကို မနေ့က ပြောလိုက်တယ်။ လက်ထပ်မှာ မဟုတ်ဘူးလို့"

ရှောင်းကျန့်က သူ့မျက်ခုံးတွေ မြှင့်လိုက်တယ်။

"ဒါပဲလား?"

ဝမ်ရိပေါ်က ခေါင်းမော့ကြည့်ပြီး မျက်လုံးလေး ပြူးပြတယ်။ အပြစ်ကင်းတဲ့ပုံလေးနဲ့။

"အင်း"

"မဖြစ်နိုင်ဘူး"

ရှောင်းကျန့်က သူ့ကို ခေါင်းမာမာနဲ့ ကြည့်နေတယ်။

"မင်း ဒါလောက်လေးနဲ့ ရာထူးက ဆင်းပေးတယ်ဆိုတာ မဖြစ်နိုင်ဘူး။ ဝမ်ရိပေါ် မင်းက ငါ့ကို အမြဲတမ်း ဘာမှ မပြောပြဘူး။ ငါက မင်း ယုံလို့မရတဲ့လူလား? ဒါမှမဟုတ် မင်း အားကိုးလို့ မရတဲ့လူလား?"

Lion Heart ||Completed||Where stories live. Discover now