ဒါရိုက်တာကောင်းက ကိစ္စတွေကို သေသေသပ်သပ် လုပ်ကိုင်တယ်။ စာချုပ်ဟာ ဟေးယောင်ရဲ့ legal department ကို နောက်ရက်မှာ ရောက်သွားတယ်။ ကျန်းရှန်က ဖုန်းခေါ်ပြီး စာချုပ်ကို အတည်ပြုကြောင်း ပြောတယ်။
ဝမ်ရိပေါ်က ခုမှ နိုင်ငံခြားက ပြန်လာတာဖြစ်တယ်။ ဟေးယောင်ရဲ့ ဥက္ကဌအနေနဲ့ သူ့မှာ ဒီလို ပူးပေါင်းမှုမျိုးကို သေချာသတိပြုစရာ အကြောင်းအရင်းတွေရှိတယ်။
ရှောင်းကျန့်က ထက်မြက်တဲ့ပုံစံဆိုပေမဲ့ တကယ့်တကယ်မှာ နည်းနည်း တုံးတာကို သူ သိတယ်။ သူ့ကို လက်မှတ်ထိုးခိုင်းတဲ့အခါတိုင်း ငတုံးလေးလိုပဲ။ သူ့ ID card ကို ယူပြီး ကိစ္စတွေ တော်တော်များများ လုပ်တာကိုလည်း သူ တခုမှ ဂဃနဏ နားလည်တာမျိုး မရှိဘူး။
အဲ့တော့ ဝမ်ရိပေါ်မှာ ရှောင်းကျန့်အတွက် ကိစ္စတွေကို တခုချင်းစီ လိုက်စစ်ဆေးပေးရတယ်။
ကျန်းရှန်က သေချာ သတိနဲ့ မေးတယ်။ နောက်လအတွက် ရုပ်ရှင်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လုပ်မှာလား၊ မလုပ်ဘူးလားဆိုတာကို။ ဝမ်ရိပေါ် ခဏလောက် စဉ်းစားပြီးတာနဲ့ ခေါင်းညိတ်လိုက်တယ်။ သူ ရှောင်းကျန့်အတွက် ဒီရုပ်ရှင်တွေနဲ့ စွန့်စားကြည့်ချင်တာ ဟုတ်ပေမဲ့ ဒါကပဲ အကြောင်းပြချက် တခုလုံး ဖြစ်နေတာမျိုးတော့ မဟုတ်ဘူး။ ဟေးယောင်ရဲ့ နှစ်စဉ်ထောက်ပံ့မှု အစီအစဉ်က အေးအေးဆေးဆေးနဲ့ တဖြည်းဖြည်း သွားနေတုန်းဖြစ်တယ်။ ငွေ ဆုံးရှုံးသွားမယ်ဆိုရင်တောင် နာမည်မကျော်ကြားတဲ့အရာတွေအတွက် လျော့ပါးသွားတာမျိုး မရှိဘူး။
ဝမ်ရိပေါ် စဉ်းစားကြည့်တယ်။ ဒါတွေ အကုန်လုံးက သူ့ရဲ့ တကိုယ်ကောင်းဆန်တဲ့ အတွေးတွေကြောင့် ဟေးယောင်ကို တာဝန်ယူတာမျိုး မဟုတ်ဘူး။ သူကိုယ်တိုင်ကိုက ငယ်ငယ်ကတည်းက အလောင်းအစားလုပ်ရတာကို ဝါသနာပါလို့ဖြစ်တယ်။ Stocks တွေ ဝယ်ပြီး အလောင်းအစားလုပ်တာမျိုး၊ လောင်းကစားမှာ ရင်းနှီးမြှုပ်နှံထားတာမျိုး။ တကယ်တော့ သူကိုယ်တိုင်က အနိုင်ရတာကို အရမ်းသဘောကျလို့ဖြစ်တယ်။
သူ့အတွက်တော့ ရှောင်းကျန့်ဟာ ကျယ်ပြန့်တဲ့ နဂါးငွေ့တန်းထဲက ကျောက်ရိုင်းတုံးလေးတခုပဲ။ တချို့လူတွေက သူ့ကို ပုံမှန်လိုပဲ တွေးကြတယ်။ ဒါပေမဲ့ အချိန်တွေ အကြာကြီး အတူတူ ရှိလာပြီးနောက်မှာ အဖိုးတန် ရတနာတုံးလေးဖြစ်ကြောင်းကို တဖြည်းဖြည်းနဲ့ သတိထားမိလာခဲ့တယ်။
YOU ARE READING
Lion Heart ||Completed||