- 84 -

3.8K 505 25
                                        

"ငါ ကြားချင်တာ ဒီစကား မဟုတ်ဘူးဆိုတာ မင်း သိရဲ့နဲ့"

ရှောင်းကျန့် အသက်ပြင်းပြင်း ရှိုက်လိုက်တယ်။

"ဘာဖြစ်လို့... ဘာဖြစ်လို့ အကြာကြီး ပျောက်သွားတာလဲ။ ပြီးတော့ ဘာဖြစ်လို့ ဖုန်းတခါတောင် ပြန်မဆက်တာလဲ?"

သူ ဝမ်ရိပေါ်ရဲ့ မျက်လုံးတွေကို ကြည့်ရင်း ရုတ်တရက်ကြီး စိတ်တိုသွားပြန်တယ်။

"ထားလိုက်တော့။ ငါ မကြားချင်တော့ဘူး။ ငါ မင်းကို တမိနစ်လေးတောင် မယုံဘူး"

ဝမ်ရိပေါ်မှာ ပြောစရာ မရှိဘူး။

ဒါတွေက တကယ်တော့ သူ တမင်လုပ်ခဲ့တာတွေ၊ တမင် ဖန်တီးခဲ့တာတွေချည်းပါပဲ။

သူ ခေါင်းညွတ်ချလိုက်တယ်။ အားသုံးပြီး အောက်ကလူကို အတင်းဖိချထားရင်း ထပ်နမ်းတယ်။

"ရန်မဖြစ်ပဲနေရအောင်‌လေ နော်?"

ရှောင်းကျန့်မှာ ရုတ်တရက် ဒေါသတွေ ထွက်သွားပြန်တယ်။ သူ အားနဲ့ ပြန်တွန်းလိုက်တယ်။

"ဒါတွေက ရန်ဖြစ်ဖို့ ပြောနေတဲ့ စကားတွေလား?"

သူ့မျက်ဝန်းတွေ နီရဲသွားပြန်တယ်။ သူ ပြောတဲ့အသံမှာ တုန်ခါမှုလေးတွေတောင် ပါသွားတယ်။

"မင်းရင်ထဲမှာ ငါကဘာလဲ? မင်း မဆက်သွယ်ချင်ရင် မဆက်သွယ်နဲ့။ မင်း အလိုမရှိရင်လည်း ရတယ်။ ငါ ကြားချင်တာ ဖြေရှင်းချက်လေးတခုတည်းပဲ။ ခိုင်လုံတဲ့အကြောင်းပြချက်တခုအနေနဲ့ ငါ့မှာ မင်းကို ပေးစရာ ရှိမနေဘူး။ ဝမ်ရိပေါ်"

သူ အော်လို့ ပြီးတာနဲ့ ခပ်ကြမ်းကြမ်း အနမ်းခံလိုက်ရတယ်။

သူ့ခေါင်းထဲမှာ ရီဝေဝေဖြစ်နေချိန် ဝမ်ရိပေါ်ရဲ့ ပင့်သက်ရှိုက်သံကို ကြားလိုက်ရတယ်။

"မဟုတ်ဘူး။ ငါ့ဘက်က မလုပ်နိုင်ခဲ့တာပါ"

"မင်းစကားတွေက ဆီလျော်နေရဲ့လား?"

ရှောင်းကျန့်ရဲ့ ညဝတ်အင်္ကျီက အားနဲ့ ဆွဲဖြဲခြင်း ခံလိုက်ရတယ်။ သူ စိတ်ဆိုးနေပေမဲ့ ဝမ်ရိပေါ်ရဲ့ ခွန်အားကနေ သူ ရုန်းမထွက်နိုင်ဘူး။ ဒီလူဆိုးကောင်မှာ ဘာတွေဖြစ်လာလဲ သူ မသိဘူး။ သူ့ညဝတ်အင်္ကျီရဲ့ ကြယ်သီးတွေကို ဆွဲဖြုတ်ပြီး ပခုံးပေါ် တဝက်ဆွဲချတယ်။ ဝမ်ရိပေါ်ရဲ့လက်တွေက ရှောင်းကျန့်ခြေထောက်ကြားထဲ အလွယ်တကူ ဝင်လာတယ်။

Lion Heart ||Completed||Where stories live. Discover now