- 78 -

3.4K 474 15
                                        

ဝမ်ရိပေါ်စိတ်ထဲ သူဟာ ကျောက်သလင်းအိုးလေးကို သူ့လက်ထဲမှာ သယ်ထားရသလို ခံစားနေရတယ်။

သူ ရှောင်းကျန့်အတွက် တကယ်ကို ဂုဏ်ယူတယ်။ ဒါပေမဲ့ သူ့ရဲ့ တောက်ပပြီး လင်းလက်လှပတဲ့ခွန်အားတွေကြောင့်လည်း ထိတ်လန့်နေရတယ်။

ကင်မရာရှေ့ရောက်ရင် ပေါက်ကွဲထွက်လာတတ်တဲ့ ရှောင်းကျန့်ရဲ့ အဲ့လိုခွန်အားမျိုးဟာ သာမာန်အချိန်တွေမှာ လုံးဝမမြင်ရတဲ့အရာဖြစ်တယ်။ အပိုင်းအစလေးတွေရဲ့ ကြေကွဲမှုပုံစံတွေ ပါနေပြီး တချိန်တည်းမှာပဲ လင်းလင်းလက်လက် တောက်ပတယ်။

အဲ့လိုပုံစံနဲ့ ရှောင်းကျန့်ဟာ ပိုပြီးတော့ ထူးဆန်းလာတယ်။

အစတုန်းကတော့ သူထင်ခဲ့တာက ရှောင်းကျန့်ရဲ့ ဝေ့ပေါ်အကောင့်ကို အပြန်ပြန် အလှန်လှန် ကြည့်ပြီး သူ့ရဲ့ အတွင်းဘက်ခြမ်းက ကမ္ဘာကို သေချာအပြည့်အဝနားလည်ထားခဲ့ပြီလို့ ထင်ခဲ့တယ်။ ဒါပေမဲ့ ရှောင်းကျန့်ရဲ့ "ပိုင်ဖန်းယောင်"က လူထုရှေ့ကို ရောက်လာတဲ့အခါ တိမ်မြုပ်နေတဲ့ အဖိုးတန်ကျောက်ရိုင်းတုံးလေးရဲ့ တူးဖော်ဖို့ လိုနေတဲ့အခြမ်းက ဘယ်လောက်တောင် နက်ရှိုင်းနေသလဲဆိုတာကို သူ ရှာဖွေတွေ့ရှိသွားတော့တယ်။

လူတယောက်ဟာ အခြားတယောက်ကို အပြည့်အဝ နားလည်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးလား?

လတ်စသတ်တော့ ခံစားချက်တွေဆိုတာ တကယ်ကို ဒီလိုမျိုးပဲ။

လူတွေကို အရူးဖြစ်အောင်လုပ်တယ်။ လူတွေကို ခရုခွံလေးတွေထဲ ပုန်းအောင်းအောင်လုပ်တယ်။ ပြီးတော့ လူတွေကို ဘုရင်တွေအဖြစ် ပြောင်းလဲသွားစေတယ်။

သူက ခံစားချက်ပိုင်းဆိုင်ရာမှာ နည်းနည်းအဆိုးမြင်တတ်တဲ့သူဆိုတာ ဝမ်ရိပေါ် ဝန်ခံပါတယ်။ သူ့မိဘနှစ်ပါးကြားက ဆိုးရွားတဲ့ချစ်ခြင်းဟာ သူ့ရင်ထဲမှာ ဖျောက်ဖျက်မရတဲ့ ဒဏ်ရာတွေ ချန်ထားရစ်ခဲ့တယ်။ အဲ့တော့ သူ အရွယ်ရောက်လို့ တခြားလူတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးမျိုး သေချာတည်ဆောက်ရမယ့်အချိန်မှာ သူ့ကိုယ်သူပဲ ရွေးချယ်ခဲ့တယ်။ နည်းနည်းပိုရင့်ကျက်လာတဲ့အရွယ်မှာ ကလေးဆန်တဲ့အတွေးလေးတွေ ရှိခဲ့တယ်။

Lion Heart ||Completed||Where stories live. Discover now