ဒါပေမဲ့ ရှောင်းကျန့်မှာ ပြဿနာတခုရှိနေတယ်။ ကိုယ့်ဘဝရဲ့ အတွေ့အကြုံတွေပေါ်မှာ လုံးဝမူတည်ပြီး သရုပ်ဆောင်တာမျိုး မလုပ်နဲ့ဆိုတာ ဘာသဘောလဲ။ ဒါကို သူ နားမလည်သေးဘူး။
တုလင်းကျဲက သူ့ကို သင်ထားတယ်။ ကာရိုက်တာနဲ့ နီးစပ်လာတဲ့အခါ ကိုယ့်ဘဝရဲ့ ခံစားချက်တွေပေါ် အရမ်း မှီခိုမပစ်လိုက်နဲ့တဲ့။ ဥပမာပြောရရင် ငိုတဲ့အခန်း ရိုက်တဲ့အခါ ဝမ်းနည်းစရာတွေ တွေးလိုက်တာက တကယ်ကို အထောက်အကူရတယ်။ ဒါပေမဲ့ ဒါဟာ သူ့ရဲ့ ကိုယ်ပိုင်ခံစားချက်တွေပဲ။ တခါတလေကျရင် ဒါတွေက တန်ပြန်ထိခိုက်လာတာတွေ ဖြစ်နိုင်တယ်။
သရုပ်ဆောင်တယောက်ရဲ့ role ဆိုတာ ကာရိုက်တာရဲ့ ခံစားချက်ကို ဖော်ပြခြင်းဖြစ်တယ်။ ကိုယ့်နည်းကိုယ့်ဟန်အတိုင်း လုပ်တာမျိုးအပေါ် အရမ်းကြီး မှီခိုပစ်လို့မရဘူး။
ရှောင်းကျန့်က နားမလည်နိုင်သေးပေမဲ့ တုလင်းကျဲ သူ့ကို ဒရာမာဇာတ်လမ်းတွဲကြီး ရိုက်စေချင်တယ်ဆိုတာကိုတော့ သူသိတယ်။
သူ သရုပ်ဆောင် စလုပ်တဲ့အချိန်တုန်းက ရှောင်းကျန့်ဟာ သူ့ရဲ့ ခံစားချက်တွေကိုပဲ အလေးပေးခဲ့တယ်။ ဒါရိုက်တာက သူ့ကို ကင်မရာဘက် လှည့်ကြည့်ခိုင်းတယ်။ သူ ပစ္စည်းတွေ သယ်ပြီး နောက်ကို လှည့်ကြည့်လိုက်တယ်။ ဒါပေမဲ့ သူ လှည့်ကြည့်လိုက်တဲ့အခါမှာ သူ့မျက်ဝန်းအကြည့်တွေက နည်းနည်းလေး လိုတာထက် ပိုနေတယ်။
တုလင်းကျဲက သူ့ကို သေချာအာရုံစိုက်ဖို့ ပြောတယ်။ သူ့ခေါင်းထဲမှာ တွေးတောနေတဲ့ စကားပြောရမယ့် lines တွေနဲ့အတူ ခံစားချက်တွေကို ထိန်းချုပ်နိုင်ဖို့ သတိပေးတယ်။ ပြီးတာနဲ့ ကိုယ့်ခံစားချက်ကို တဖက်လူအပေါ် လွှဲပြောင်းရမယ်။
တုလင်းကျဲက သရုပ်ဆောင် တယောက်ရဲ့ ဘဝအခြေခံတွေအကြောင်း သတိပေးတယ်။ ပြောရမယ့်စကားတွေ ကျက်တာနဲ့ ကာရိုက်တာရဲ့ လှုပ်ရှားမှုတွေကို body language သုံးပြီး ဖော်ပြတယ်ဆိုတာ လေ့ကျင့်ယူလို့ရတယ်။ ဒါပေမဲ့ တကယ့်အမှန်တရားကတော့ အဲ့အချိန်မှာ သရုပ်ဆောင်တယောက်ဟာ သရုပ်ဆောင်နေချိန် ကိုယ့်ခံစားချက်အပေါ်မှာ အလုံးစုံ လက်ခံပေးလိုက်ခြင်းဖြစ်တယ်။
YOU ARE READING
Lion Heart ||Completed||