Chapter 1

16.1K 456 3
                                    

အပိုင်း (၁) အချစ်ကြောင့် ပြန်လည်မွေးဖွားလာခြင်း - ၁

【မင်းက အစောကြီးကတည်းက ငါ မှတ်မိနေခဲ့တဲ့လူပါပဲ၊ ငါဆိုတာ မင်းကို ချစ်ဖို့မွေးဖွားလာရတာပါ _____ ဝမ်နွီကွေးလိုင် (2018, August 1) 】

"ဝူးဝူးး~ ဆရာပြောတာ တောင်အောက်က မိန်းမတွေအကုန်လုံး ကျားရဲတွေချည်းပဲတဲ့၊ ရှောင်နော့ကို မစားပါနဲ့၊ ရှောင်နော့အသားက စားလို့မကောင်းပါဘူး။"

မျက်စိရှေ့က အသက်လေးနှစ်ခန့်ရှိသော ခေါင်းတုံးပြောင်နှင့် ကလေးလေး ငိုယိုနေသည်ကို ‌ကြည့်ပြီး လင်ရှီး၏မျက်နှာထက် မျက်ရည်စီးကြောင်းနှစ်ကြောင်း ကျဆင်းလာ၏၊ သူမနှလုံးသားမှာ မမြင်နိုင်သော လက်တစ်စုံဖြင့် ကိုင်ထားခံရသည့်နှယ်၊ သူမ နောက်ဆုံးတော့ သူ့ကိုရှာတွေ့ခဲ့ပြီ၊ ဒီဘဝမှာတော့ သူမ ဘယ်သူ့ကိုမှ ဒီကလေးကို နာကျင်စေခွင့်ပေးမည်မဟုတ်။

သူမ လက်ဆန့်ထုတ်က သူ့မျက်ရည်များကို သုတ်ပေးလိုက်ပြီး သူမက သူ့အားလန့်သွားစေမည်ကို စိုးရိမ်နေလျက်။

"ပေါင်ပေါင်း၊ ငါက မင်းဆရာပြောတဲ့ အဲဒီ"မိန်းမ"မျိုးမဟုတ်ပါဘူး။"

‌ကတုံးလေးက နှာခေါင်းလေးတရှုံ့ရှုံ့ဖြင့်။

"ဒါဆို ဘာလဲ။"

"ငါက မေမေ။"

ယခင်ဘဝတွင် သူမ ကိုးနှစ်တာမျှ အမှောင်ထဲနေခဲ့ရသည်၊ မိမိ၏ မွေးကာစကလေးလေးမှာ အော်မုန့်ရွှယ် ပြောသည့်အတိုင်း တကယ်ပဲသေဆုံးသွားပြီဟု ယုံကြည်နေခဲ့၏။ သူမ နောက်ထပ်တစ်ဘဝ ထပ်ရှင်သန်ရလိမ့်မည်ဟု မထင်ထားခဲ့ပေ၊ နတ်ဘုရားများက သူမကို တကယ်ဂရုစိုက်ပေသည်။

လွန်ခဲ့သောသုံးလက။

"ကြယ်ပွင့်များနှင့် ကခုန်ခြင်း ဘုရင်" အစီအစဉ် အစမ်းလေ့ကျင့်ရေးတွင်။

"လင်ရှီး___"

စင်ပေါ်မှ ပြုတ်ကျလာသော မိန်းကလေးကို အမျိုးသားတစ်ယောက်က အပြေးသွားကာ ဆီးပွေ့လိုက်ပြီး မသိစိတ်၏စေ့ဆော်မှုကြောင့် သူမခေါင်းကို လက်ဖြင့်ကာကွယ်ပေးထားကာ ဖြည်းဖြည်းလေးလေးဖြင့် နှစ်ချက်မျှ လှုပ်ယမ်းလိုက်သည်။

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် Where stories live. Discover now