Chapter 148

1.4K 120 1
                                    

Kiss Husband - 148

အပိုင်း (၁၄၈)

"အဲဒါ မရီးနဲ့ကောတို့ကလေးလို့ ကျွန်တော်ထင်နေတာ၊ ဘာလို့ မရီးကို မေမေလို့ခေါ်နေတာလဲ။"

"သူ့မိဘတွေ မရှိတော့ဘူး၊ အခုကစပြီး ကျွန်မက သူ့အမေပဲ။"

ယခင်လင်ရှီး မရှိတော့သည်မှာ အမှန်ပင်ဖြစ်သည်။ ယခု မိမိက ပြန်လည်မွေးဖွားလာခဲ့သောလင်ရှီး ဖြစ်နေလေပြီ။ ထို့ကြောင့် ထိုသို့ဖြေသည်မှာ မမှားပါချေ။

"ဘာ၊ ဒီကလေးကို မွေးစားဖို့လား။"

ပြန်မဖြေခင်မှာ လင်ရှီးက ကလေးလေးဆီ လျှောက်သွားလိုက်သည်။

မဟုတ်သေးပါဘူး၊ သူ ကောကို သွားမေးမှရမယ်၊ ဒီလောက်ကိစ္စအကြီးကြီးကို ဘယ်လိုလုပ်လက်ခံနိုင်တာလဲ။

လင်ရှီး အနီးသို့ကပ်သွားသောအခါ ပေါက်စနလေးက ခပ်ဖွဖွရှိုက်ငိုနေသည်ကို တွေ့လိုက်ရသည်။ လင်ရှီး ရုတ်တရက် စိုးရိမ်သွား၏။

"သားသား ဘာလို့ငိုနေတာလဲ။"

"ဝူးဝူးဝူး ငါးလေး သေသွားပြီ၊ ရှောင်နော့ ငါးလေးကို မသေစေချင်ဘူး။"

"အာ.."

လင်ရှီး၏တုံ့ပြန်မှုက နည်းနည်းနှေးကွေးသွားသည်။ ငါးကန်ထဲကြည့်လိုက်သောအခါ အဆင်အဆန်းများနှင့် ငါးများမှာ အဆင်ပြေပြေပင်။

ကလေးလေးက ငါးများသေသွားပြီဟု ထင်နေတာဖြစ်မည်၊ ထို့ကြောင့် ငိုနေခြင်းပင်။

"သားသား ငါးလေးက မသေပါဘူး၊ ဒီမှာကြည့်လေ။"

လင်ရှီးက ငါးကန်ကို လက်သည်းဖြင့် ဖွဖွလေးခေါက်လိုက်သည်၊ ထိုအခါ ရှောင်နော့က သေသွားပြီဟုထင်နေသော အဆင်အကွက်များဖြင့် ငါးလေးက တစ်ဖက်သို့ ရွှေ့သွားလေ၏။

ထိုအခါမှသာ ရှောင်နော့က အငိုတိတ်သွားပြီး သူ့မျက်နှာထက် အပြုံးလေးပေါ်လာသည်၊ သူ လက်အုပ်ချီကာ ပြောလိုက်၏။ "အောမိထောဖော။"

ကလေးလေး၏ အပြုအမူကိုမြင်သောအခါ လင်ရှီး အနည်းငယ် စတင်စိုးရိမ်လာမိသည်၊ ကလေးလေးသည် လေးနှစ်လုံးလုံး ဘုန်းကြီးလေးတစ်ပါးလို ပျိုးထောင်ခံလာရခြင်းဖြစ်၏၊ ဗုဒ္ဓတရားတော်များမှာ သူ့ရင်ထဲ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေလေပြီ။

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် Where stories live. Discover now