Chapter 165

2.2K 153 5
                                    

Kiss Husband - 165

အပိုင်း (၁၆၅)

ရွှီအုပ်စုတွင်။

"ငါ မင်းကို ခွင့်တစ်လ မပေးခဲ့ဘူးလား။"

ချီကျင့်ယွီ ဝင်လာသည်နှင့် ရွှီယိကျစ်မှာ မော့ပင်မကြည့်ဘဲ သူမှန်းသိလိုက်သည်။

"ကော ကျွန်တော် ဘယ်လောက်တွေးကြည့်ကြည့် မကောင်းသလို ခံစားရတုန်းပဲဗျ၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်က ဒုဥက္ကဌလေ၊ ကိစ္စတွေအကုန် ကောအပေါ် ပုံချလိုက်ရင် ကျွန်တော် ဘယ်လိုလုပ် စိတ်ကောင်းနိုင်ပါ့မလဲ!"

ရွှီယိကျစ်က သူ့စကားများကို မယုံပေ။

"မင်းကြိုက်သလိုလုပ်ပေါ့၊ နောက်ဆိုရင်တော့ ဒီလိုခွင့်ရက်မျိုး ရတော့မှာမဟုတ်ဘူး။"

ချီကျင့်ယွီရင်ထဲ ဝမ်းနည်းစွာ မြည်တမ်းနေမိသော်လည်း သူ့မျက်နှာကတော့ အပြုံးမပျက်။

"မဟုတ်တာ မဟုတ်တာ၊ အဲ့ကိစ္စမျိုး ဘယ်သူဂရုစိုက်မှာတုန်း။"
________________________

"မဂ်လာပါ၊ ကျွန်မ ချန်နော့ရဲ့‌အမေပါ။"

ကျောင်းအုပ်နှင့်အတန်းပိုင်ဆရာမတို့မှာ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်မိကြသည်၊ mask တပ်ထားသောလင်ရှီးကို သူတို့မမှတ်မိပေ။ ထို့နောက် ကျောင်းအုပ်ကပြောသည်။

"မဂ်လာပါရှင် ကျွန်မက ဒီကျောင်းရဲ့ကျောင်းအုပ်ပါ၊ ဆိုတော့...ရှောင်နော့ကလေ သိပ်ချစ်စရာကောင်းပါတယ်၊ ဒါပေမယ့်...ဒီမနက် ကျွန်မတို့ ကလေးတွေကို ချော့လို့လည်းပြီးသွားရော ရှောင်နော့ကပြောတယ်၊ 'ဖေဖေနဲ့မေမေတို့က သားတို့ကို မလိုချင်တော့ဘူးလား'တဲ့ အဲ့ဒီလိုနဲ့ ကလေးတွေလည်း ပြန်ထပ်ငိုကြတယ်ရှင်။"

လင်ရှီး၏နှလုံးသားမှာ ဆစ်ခနဲဖြစ်သွားရသည်။ သူမ သားလေးကို ဘာလို့မလိုချင်ရမှာလဲ။

"ကျွန်မတို့ဆရာဆရာမတွေ တစ်မနက်လုံး သူတို့ကိုချော့လိုက်ရတယ်၊ တစ်ယောက်ချော့ပြီးရင် နောက်တစ်ယောက်ဆီ သွားရပြန်ရော၊ နောက်တော့ သူတို့တွေ ကိုယ့်ကိုကိုယ်မိတ်ဆက်တဲ့အချိန်မှာ ဆရာမတွေက ကလေးတွေ မေးချင်တာရှိမရှိ သူတို့ကို တစ်ယောက်ချင်းစီလိုက်မေးတယ်ရှင်၊ အဲဒီမှာ ချန်နော့က ‌မေးတယ် 'ဆရာမ၊ သားတို့မိဘတွေက သားတို့ကို မူကြိုကို ရောင်းစားလိုက်ကြတာလားဟင်' တဲ့၊ ပြီးလည်းပြီးရော ကလေးတွေက ထပ်ငိုကြရော။"

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် Tempat cerita menjadi hidup. Temukan sekarang