Chapter 85

2.7K 240 1
                                    

Kiss Husband - 85

အပိုင်း (၈၅) အိမ်ပြောင်းခြင်း။

"ဇစ်မြောင် ဒါနင့်အခန်း၊ စာကြည့်စားပွဲအသေးလေးနဲ့ ကွန်ပျူတာတစ်လုံးပါတယ်၊ ဇစ်သီ မင်းအခန်းက ဟိုမှာ။"

မုန့်ဇစ်မြောင်က စိတ်မဝင်စားချင်ယောင်ဆောင်လျက် ဆိုဖာပေါ်ထိုင်နေဆဲ။

မုန့်ဇစ်သီမှာ အိပ်ခန်းထဲရှိ စက်ရုပ်အသေးလေးနှင့် သူ အင်မတန်တောင့်တခဲ့ရပြီး ရရှိရန် ရုန်းကန်ခဲ့ရသော်လည်း အားစိုက်မထုတ်လိုက်ရဘဲ သူ့ဆီရောက်လာသည့် ဂိမ်းစက်ကို မြင်သောအခါ အလွယ်တကူပင် လင်ရှီးထံမှ စည်းရုံးခံလိုက်ရတော့သည်။ အဆုံးမှာတော့ စိတ်လှုပ်ရှားစွာဖြင့် လင်ရှီးပေါ် ခုန်တက်ပြီး သူမကို တင်းတင်းကြပ်ကြပ်ဖက်ထားကာ အရူးအမူနမ်းနေတော့သည်။

"ကျဲ ဒီဂိမ်းစက်က ရှယ်ကောင်းတာ! ကျွန်တော်အရမ်းကြိုက်နေပြီ!"

မုန့်ဇစ်မြောင်မှာ သူမမောင်ကို မျက်စောင်းထိုးလိုက်သည်။ ဒီတန်ဖိုးမရှိတဲ့ကောင်ကတော့၊ ဂိမ်းစက်လေးတစ်လုံးနဲ့ အဝယ်ခံလိုက်ရတယ်ပေါ့လေ?

"မုန့်ဇစ်သီ နင်ထွက်သွားစမ်းပါ။"

"မုန့်ဇစ်မြောင် နင့်ကိုပြောနေတာမဟုတ်ဘူး၊ ငါ ရှီးကျဲကို ပြောနေတာ။"

မုန့်ဇစ်သီမှာ ကိုယ်ပိုင်ဂိမ်းစက်ရသွားသော ပျော်ရွှင်မှုများထဲ နစ်မြုပ်နေလေပြီ။

"ကောင်စုတ်လေး ငါ့ကိုနာမည်တပ်ခေါ်ရဲတယ်ပေါ့လေ၊ ငါနင့်အစ်မနော်။"

"အော ကျွန်တော်သိပါတယ်။"

သူ့တုံ့ပြန်သံကိုကြားလျှင် လင်ရှီး ခပ်ဖွဖွပြုံးလိုက်သည်။

"မင်းကြိုက်ရင်ပြီးတာပါပဲ။"

မုန့်ဇစ်မြောင်၏မျက်နှာမည်းသွားရသည်။ ဒီကျောရိုးမရှိတဲ့ ကောင်စုတ်လေးက ထင်မထားလောက်အောင် ဒီလောက်စောစောနဲ့ 'ကျဲ'လို့သွားခေါ်နေပြီပဲ၊ ကြည့်ရတာ ရူးသွားပုံပေါ်သည်။

"အမေ နောက်ဆို ဒီအိမ်မှာပဲနေတော့နော်၊ ကျယ်လည်းကျယ်တယ်၊ တစ်ခုခုလိုရင် ကျွန်မကို အသိပေးလိုက်။"

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် Where stories live. Discover now