Chapter 153

1.9K 170 6
                                    

Kiss Husband - 153

အပိုင်း (၁၅၃)

"မေမေ။"

ရှောင်နော့မျက်နှာ‌လေးက အနည်းငယ်နီနေသည်ကို မြင်လျှင် လင်ရှီးက တိုးတိုးပြောလိုက်သည်။

"ဘာဖြစ်လို့လဲ သားသား။"

"ရှောင်နော့ ရှူးရှူးချင်တယ်။"

"လေချွန်တာလား။"

(T/N : မြန်မာလိုပြန်လိုက်ရင် ရှူးရှူးပေမယ့် တရုတ်လိုအသံထွက်က ရွှီးရွှီးဆိုတော့ လင်ရှီးက မှားသွားတာပါ)

လင်ရှီးပြောသည်ကိုကြားသောအခါ ရွှီယိကျစ်၏နှုတ်ခမ်းစွန်းများ ကော့တက်သွားပြီး ချီကျင့်ယွီမှာတော့ အားမနာဘဲ ရယ်လေသည်။

"မရီး ရှူးရှူးကို လေချွန်တာလို့ ပြောနိုင်တာ တော်တော်အရည်အချင်းရှိတာပဲ။"

"လေချွန်တာ မဟုတ်ဘူးလား။"

မရီး၏ ဖြူစင်ကာ သံသယဝင်နေဟန်ရှိသော မျက်လုံးများကိုတွေ့လျှင် ချီကျင့်ယွီက ပြုံးကာပြောလိုက်သည်။

"ဟုတ်တာပေါ့၊ လေချွန်တာလေ။"

ရွှီယိကျစ်က ကလေးလေး၏ပခုံးပေါ်လက်တင်လိုက်ပြီး။

"လာ ဖေဖေ မင်းကို သန့်စင်ခန်းခေါ်သွားပေးမယ်။"

ရွှီယိကျစ်စကားကို ကြားသောအခါမှ လင်ရှီး ရှက်သွားရလေသည်။ သို့‌သော် ချီကျင့်ယွီက ရယ်နေဆဲဖြစ်သည်ကို မြင်သော် သူမ ပြောလိုက်သည်။

"အဲ့လောက် ရယ်စရာကောင်းနေတာလား။"

လင်ရှီး မသိမသာ မျက်ခုံးပင့်လိုက်၏။

ချီကျင့်ယွီက ချက်ချင်း အပြုံးကိုပြန်ထိန်းလိုက်သည်။

"ဟင့်အင်း၊ လုံးဝရယ်စရာမကောင်းပါဘူး။"

သို့သော် ထိုအချိန်တွင် သူ့မှာ အတွင်းကျေဒဏ်ရာလုနီးပါး။ (ကျိတ်ရယ်ရလွန်းလို့ဖြစ်မယ် xD)

လင်ရှီး ရုတ်တရက် တစ်စုံတစ်ရာကို အမှတ်ရသွားပြီး နောက်ကျမေ့သွားမည်စိုး၍ သူမ ပြောလိုက်သည်။

"ကျင့်ယွီ ကျွန်မ ရှင့်ကို တစ်ခုမေးပါရစေဦး။"

မရီးက ရုတ်တရက် အလေးအနက်ဖြစ်လာသည်ကို မြင်လိုက်ရသည်။ "အင်း မရီးမေးပါ။"

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် Where stories live. Discover now