Kiss Husband - 56
အပိုင်း (၅၆) ညှို့ငင်ခံရခြင်း။
လင်ရှီး သူ့ထံဖြည်းဖြည်းချင်းလျှောက်လာသည်နှင့် သူ့မှာ ကုတ်တစ်ခုပင်မှားရိုက်မိရသည်။ သူမ လက်ဆန့်ကာ သူ့မျက်နှာဆီ ကိုင်းညွှတ်လာသောအခါ သူ့ရင်ထဲ အလင်းရောင်တစ်ချက် ဖြတ်သွားပြီး သူ့ဦီးနှောက်ကိုပင် ကန်းသွားစေသော အဖြူရောင်အလင်းတန်းတစ်ခုလည်း လိုက်ပါလာခဲ့၏။
သူ့အသံကိုကြားပြီးနောက် လင်ရှီး ရှက်ရွံ့စွာဖြင့် လက်သေးသေးလေးကို သူ့မျက်နှာပေါ်တင်ကာ သုတ်လိုက်၏။
"ရှင့်မျက်နှာမှာ တစ်ခုခုပေနေပုံပေါ်လို့၊ ကျွန်မ သုတ်ပေးမယ်။"
ရွှီယိကျစ်က သူမအတွေးများကို မဖော်ထုတ်ပေ။ သူ ခပ်တိတ်တိတ်ပြောလိုက်သည်။ "ကျေးဇူး။"
"ကျွန်မငှဲ့လာပေးတဲ့ဖျော်ရည် သောက်ချင်လား။"
ရွှီယိကျစ် ၎င်းကိုကြည့်လိုက်ပြီး တစ်ဝက်ကျန်သော ခွက်ကို လက်လှမ်းကာ သူ့နှုတ်ခမ်းပါးများဖြင့် ခပ်ဖြည်းဖြည်းသောက်နေသည်။ အထဲရှိဖျော်ရည်များ လျော့ကျသွားသည်ကို ကြည့်နေရင်းဖြင့် လင်ရှီး ရုတ်တရက်သတိရမိသွား၏။ ဒီဖန်ခွက်က..သူမလည်း ခုနလေးတင် သောက်ထားတာ၊ ဒါ သွယ်ဝိုက်အနမ်းလို့ ယူဆလို့ရလား။
သူမမျက်နှာမှာ ပြောပြလို့မရနိုင်စွာ တမျိုးတမည်ပူလောင်လာလျက်။ "ဘယ်လောက်ကြာဦးမှာလဲ။"
"ငါးမိနစ်ဆိုရပြီ" ရွှီယိကျစ်က ဖန်ခွက်ကိုစားပွဲပေါ်ချလိုပ်ပြီး သူ့လက်ချောင်းထိပ်များက ဂီတသံစဉ်တစ်ခု တီးခတ်နေသည့်အလား ကီးဘုတ်များပေါ် ပြေးလွှားနေသည်။
ငါးမိနစ်မပြည့်မှီ ရွှီယိကျစ်မှာ အောင်မြင်စွာဖြင့် ထိုလူ၏အကောင့်ကို hack လိုက်နိုင်ပြီး လက်ချောင်းများ ပြန်ရုတ်လိုက်၏။ "ရပြီ။"
လင်ရှီးက ချက်ချင်းရှေ့တိုးလာကာ ၎င်းကိုကြည့်လိုက်၍ သူ့ကို လေးစားနေ၏။
"နတ်ဘုရား ကျွန်မ ဦးညွှတ်တာကိုလက်ခံပေးပါ။"
ကွန်ပျူတာဖန်သားပြင်သို့ ပြန်ကြည့်လိုက်သောအခါ သူမ folder တစ်ခုတွင် 3G ဓာတ်ပုံများနှင့် 10GB ဗီဒီယိုများကို တွေ့လိုက်ရသည်။