Kiss Husband - 170
အပိုင်း (၁၇၀)
လင်ရှီး၏စူးရှသောမျက်လုံးများက အော်မုန့်ရွယ်ကို မိသွားသည်။
"ငါ ဘာမှမလုပ်ပါဘူးဟာ၊ လင်ရှီး နင်ငါ့ကို တော်တော်ကြီးအထင်လွဲနေပြီ။"
"ငါ ခုနလေးက ပြောခဲ့တာက အပေါ်ယံလေးပဲရှိသေးမှန်း နင်သိနေတာတောင် အထင်လွဲတာပေါ့လေ? နင် ငါနဲ့ပဲ ထိပ်တိုက်တွေ့ရင်တောင် အဆင်ပြေပါသေးတယ်၊ ဒါပေမယ့် နင်က ငါ့ကလေးကို အန္တရာယ်ပေးခဲ့တာ၊ ယုတ်မာလိုက်တဲ့မိန်းမ!"
လင်ရှီး၏လေသံက ရုတ်တရက်မာထန်လာသည်။
"အစတည်းကမှ နင် ငါ့ကလေးကို ထိခိုက်အောင်လုပ်ရဲမှတော့ အခု ပြန်ပေးဆပ်ရမှာပေါ့၊ ဘယ်လိုထင်လဲ။"
အော်မုန့်ရွှယ် ဖြည်းဖြည်းချင်း မျက်လုံးပင့်ကြည့်လာပြီး သူမခံစားချက် မှန်နေခဲ့သည်ကို သတိထားမိလိုက်သည်၊ လင်ရှီးသည် ယခင်ကလင်ရှီး မဟုတ်တော့ပေ၊ ထို့နောက် အော်မုန့်ရွှယ်၏မျက်လုံးများက တစ်စတစ်စမှုန်မှိုင်းကာ အေးစက်လာသည်၊ အကုန်သိနေမှတော့ သူမလည်း ဖုံးကွယ်ထားစရာမလိုတော့ပေ။
"ဟဟဟ၊ ဆိုတော့ နင် အကုန်သိသွားပြီပေါ့?"
အော်မုန့်ရွှယ်၏မျက်နှာက ချက်ချင်းပြောင်းသွားသည်၊ အရုပ်ဆိုးလှသောအပြုံးတုက အလျင်အမြန်ကွယ်ပျောက်သွားပြီး မှောင်မှိုင်းမှိုင်းအပြုံးက နေရာယူလို့လာသည်။
"လင်ရှီး၊ အရင်က ငါ့ဆီက ကစားခံခဲ့ရတာ ပျော်ရဲ့လား၊ နင့်ကိုယ်နင် သောက်ရမ်းတုံးခဲ့တယ်လို့ မထင်ဘူးလား။"
ဤသည်က အလွန်အဓိပ္ပာယ်ပါသော စကားတစ်ကြောင်းပင်။ မိမိတုံးအခြင်းကို မသိသူက တစ်ပါးသူ တုံးကြောင်းကို ပြောချင်နေသေးသည်။
လင်ရှီး ခပ်ဖွဖွပြုံးရင်းဖြင့်။
"အင်း ငါတော်တော်လေး အ,ခဲ့တာပဲ။"
လင်ရှီးက ကိုယ့်တုံးအမှုကိုဝန်ခံနေသည်ဟု အော်မုန့်ရွှယ်ထင်လိုက်၍ ပို၍ ဂုဏ်ယူဝင့်ကြွားစွာ ရယ်လေပြီး ခုနကလေးက လင်ရှီးကြောင့်ခံစားခဲ့ရသည့် အကြောက်တရားများကို မေ့သွားခဲ့သည်။