Chapter 77

2.7K 214 1
                                    

Kiss Husband - 77

အပိုင်း (၇၇) လက်မခံနိုင်ရင်လည်း ငါ့ကိုလာကိုက်လေ။

ယောင်ရူနှင့် ဝေနတို့ စောင့်ဆိုင်းရာနေရာကို ဖြတ်သွားသောအခါ ယောင်ရူက သူတို့သုံးယောက် ထွက်မသွားသေးသည်ကို မြင်လျှင် သူမမျက်နှာထက် အထင်သေးဟန်အပြုံးတစ်ခု ပေါ်ထွက်လာသည်။

"ဖေရှန်းကျဲ ကျွန်မနဲ့တူတူ အောင်ပွဲခံဖို့စောင့်နေကြတာလား။"

ဖေရှန်း၏အပြုံးက ချက်ချင်းပြန်တည်သွားပြီး 'ဂုဏ်ပြုပါတယ်'ဟု ခပ်ဖွဖွပြောလိုက်သည်။

ယောင်ရူမှာ များသောအားဖြင့် အခြားသူများက မိမိအား လာရောက်မြှောက်ပင့်ကာ အားကျကြသည်ကို သဘောကျလေ၏။ ထို့သို့ဖြင့်သာ မိမိ၏မာနကို ‌စိတ်ကျေနပ်စေနိုင်မည်ပင်။

မည်သို့ဆိုစေကာမူ ထိုသုံး‌ယောက်၏မျက်နှာထက်တွင်တော့ သူမလိုချင်သောခံစားချက်များကို မမြင်ရပါချေ။

တည်ငြိမ်နေသောမျက်နှာနှင့်တစ်‌ယောက်၊ အပြစ်ပြောစရာမရှိသော အပြုံးနှင့်တစ်ယောက်၊ ပြီးတော့ ဘာတွေစဉ်းစားနေမှန်းပင်မသိသော တစ်ယောက်။

"စီနီယာယောင်ရူ ဂုဏ်ပြုပါတယ်နော့။"

ယောင်ရူက အတွေးနက်နေရင်း သူမကို ကြည့်လိုက်သည်။ ဟုတ်သည်၊ သူမကလည်း သရုပ်ဆောင်တစ်ယောက် ဖြစ်သည်လေ၊ သူမခံစားချက်အစစ်များကို ဖုံးကွယ်ထားလောက်သည်၊ မိမိကိုပင် မနာလိုဖြစ်ချင်ဖြစ်နေလိမ့်ဦးမည်!

ထိုသို့တွေးမိသော် သူမနှုတ်ခမ်းဖျားများ မသိမသာကော့တက်သွားလျက် လင်ရှီးကို အထင်သေးစွာ ကြည့်လိုက်သည်။

"လင်ရှီး မင်းစီနီယာအနေနဲ့ သင်ပေးရဦးမယ်၊ မင်း တို့ကို ဂုဏ်ပြုပေးဖို့ အရည်အချင်းမရှိဘူးနော်၊ ဒုတိယအဆင့်သရုပ်ဆောင်တစ်ယောက်အနေနဲ့ တန်ရဲ့လား၊ မင်းက ဘယ်လိုနည်းတွေနဲ့ 'ယိလင်'ကိုဝင်လာခဲ့မှန်း ဘယ်သူသိမှာလဲ၊ တို့ပြောမယ် အနှေးနဲ့အမြန် မင်းကိုယ်တိုင်လိုလိုလားလားနဲ့ 'ယိလင်'ကနေ ထွက်သွားစေရမယ်။"

လင်ရှီးမှာ သူမစကားများကြောင့် စိတ်‌အနှောင့်အယှက်ဖြစ်မသွား၊ ဘယ်လိုပဲဖြစ်ဖြစ် သူမ ထို့ထက်ဆိုးဝါးသည်များကို ခံစားခဲ့ဖူးလေပြီ။

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် Where stories live. Discover now