Chapter 171

979 86 1
                                    

Kiss Husband - 171

အပိုင်း (၁၇၁)

အော်မုန့်ရွှယ်က ရှန်ပင်းချန့်အား ပို၍ပင်ထူးဆန်းနေပုံရသောမျက်လုံးများဖြင့် ကြည့်လာသော်လည်း ‌သူမ ဆိတ်ဆိတ်သာနေဖြစ်ခဲ့သည်။

"အော်ကျဲ၊ ငါ့ album ဘယ်တော့ထုတ်လို့ရမှာလဲ။"

"နင်ထုတ်ချင်တဲ့အချိန်ပေါ့။"

လင်ရှီး အမြင့်မှပြုတ်ကျသောအခါ မည်သို့ရုန်းကန်တိုက်ခိုက်မည်ကို သူမ ကြည့်ချင်သေးသည်။

မုန့်မိသားစုတွင်။

"အမေ ဒီနေ့ချက်တဲ့ဟင်း အရသာတွေ့ရဲ့လား။"

သခင်မကြီးမုန့်က ရှုးထင်ထင်အား မျက်လုံးများမှေးကျဉ်း၍ကြည့်လိုက်ပြီး သူမကို လျစ်လျူရှုထားသော်လည်း မုန့်ယန်ကိုမူ ညင်ညင်သာသာကြည့်လာသည်။

"ယန်ယန် အဘွားပြောမယ်၊ ဒီလီမိသားစုက ကောင်မလေး အဘွားတွေ့ဖူးတယ်၊ လှလည်းလှတယ် စိတ်ထားလေးလည်းကောင်းတယ်၊ အရေးအကြီးဆုံးကတော့ သူတို့မိသားစုနဲ့ တို့မုန့်မိသားစုတို့က အရမ်းလိုက်ဖက်ညီတာပဲ၊ ဒီနေ့ သား သူနဲ့သွားတွေ့ကြည့်ကြည့်ပါလား။"

"အဘွား ကျွန်တော်အရင်တစ်ခေါက်က ပြောပြီးပြီလေ၊ ကျွန်တော့်ကောင်မလေးကို ကိုယ့်ဘာသာပဲရှာချင်တယ်လို့။"

မုန့်ယန်က ထမင်းကို ပါးစပ်ထဲအလျင်အမြန်သွပ်သွင်းလိုက်ပြီးပြောသည်။

"ကျွန်တော် စားလို့ပြီးပြီ၊ သူငယ်ချင်းတွေနဲ့ ချိန်းထားတာရှိသေးတယ်!"

"ဒီကောင်လေးကတော့! မသွားခင် ထပ်စားသွားဦးလေ!"

"မစားတော့ဘူးဗျာ။"

ကျန်းနန်ပြန်ထိုင်ချလိုက်သည်နှင့် သခင်မကြီးမုန့်က အနည်းငယ်စိတ်မကျေနပ်ဟန်ဖြင့်။

"ချွေးမ ၃ ရယ်၊ ယန်ယန်လုပ်တဲ့ပုံကို ကြည့်ပါဦး၊ တို့မုန့်မိသားစုက သင့်တော်တဲ့တွဲဖက်ကိုရှာရမယ်လို့ ငါ အရင်တစ်ခေါက်က သူ့ကိုပြောခဲ့ပြီးပြီ၊ သူ အရည်အချင်းမပြည့်တာတွေ မသင်ယူသင့်ဘူး။"

ကျန်းနန် ဘာမှမပြောနိုင်ခင် သူမအမျိူးသား မုန့်ဟောက်ထျန်းက ဦးအောင်ပြောလသည်။

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် Where stories live. Discover now