Kiss Husband - 67
အပိုင်း (၆၇) အချွန်နှင့်မ,ခြင်း။
လင်ရှီးက ဖုန်းကိုတစ်ချက်ကြည့်လိုက်ပြီး။ "ဆောရီးပါ၊ နောက်ကျနေပြီ။*
ရှန်ပင်းရှီးက ချက်ချင်း ဆိုလိုရင်းကို ပြောလေသည်။
"နင် အသံသွင်းကုမ္ပဏီတော်တော်များများက ပိုင်ရှင်တွေနဲ့သိထားတယ် ကြားတယ်၊ ဟုတ်တယ်မို့လား။"
"ဘာလဲ။"
"နင် ငါ့ပေါ်လဲ့ဖြစ်ပေးလို့ရတာပဲ၊ တစ်ယောက်နှစ်ယောက်လောက်နဲ့ ငါ့ကိုမိတ်ဆက်ပေးလို့ရမလား။"
လင်ရှီးက သူမကော်မဖီကိုယူပြီး ထထွက်သွားတော့မလိုပုံပြင်နေသော်လည်း ဖြည်းဖြညိးချင်း အရသာခံနေ၏။
ရှန်ပင်းရှီးမှာ မိမိကိုယ်ကို အလုံအလောက်နှိမ့်ချထားပြီးပြီဟု ခံစားရသည်။ သူမ သဘောတူလောက်မယ်မဟုတ်လား။
လင်ရှီးမှာ ကော်ဖီခွက်နောက်မှတစ်ဆင့် သူမ၏မျှော်လင့်ချက်များကို တွေ့နေရသည်။ ယခင်ဘဝတွင် မိမိမှာ ပေါ့ပေါ့သာတွေးခဲ့၏၊ ရှန်ပင်းရှီး အသံသွင်းကုမ္ပဏီကောင်းကောင်းတစ်ခုသို့ ဝင်သွားလျှင်တောင် နာမည်ကြီးလာလောက်မှာမဟုတ်ဟု ထင်ခဲ့မိ၏။
အမှန်မှာတော့ ရှန်ပင်းရှီးသည် နှစ်နှစ်အတွင်း နိုင်ငံတစ်ဝှမ်း ရေပန်းစားလာခဲ့သည်။ သူမ ယူကျုံးမရအဖြစ်ဆုံးမှာတော့ ရှန်ပင်းရှီးသည် လင်ရှီး၏မူပိုင်သီချင်းများကို အသုံးချကာ နောက်ဆုံးမှာ သူမကို မှားယွင်းစွပ်စွဲမှုများ ပြုလုပ်ခဲ့ပြီး အကျိုးအမြတ်များကို ရိတ်ယူသွားခြင်းပင်။
လင်ရှီးက အားလပ်ချိန်တွင် လမ်းသွားလမ်းလာများနှင့် ကားများ လမ်းပေါ်တွင် ကူးလူးသွားလာနေကြသည်ကို ကြည့်ရင်း ကော်ဖီသောက်တတ်သည့်အကျင့်ရှိသည်။ သူမ တခါတရံ စိတ်လှုံ့ဆော်လာသည့်အခါ စာသားများကို ချရေးပြီး အိမ်ပြန်ရောက်သောအခါ သံစဉ်ထည့်လေ့ရှိ၏။ ၎င်းက ဝါသနာတစ်ခုပေ။
သို့သော် ၎င်းကို ရှန်ပင်းရှီး သိသွားသောအခါ လင်ရှီးရှေ့တွင် သူမကိုယ်သူမ စိတ်ချရသူတစ်ယောက်အဖြစ် ဟန်ဆောင်ပြခဲ့လျှင် လင်ရှီး တစ်ခဏမျှစိတ်ပျော့သွားရပြီး သူမအသုံးပြုဖို့ သီချင်းကို ငှားပေးလိုက်ရန် ကတိပေးခဲ့မိသည်။