Chapter 59

3.1K 278 2
                                    

Kiss Husband - 59

အပိုင်း (၅၉) ကကွက် ကူးချခြင်း(၁)

တီးလုံးသံထွက်ပေါ်လာပြီး စလိုက်များ စင်ပေါ်ကျရောက်လာ၏။

ပထမတော့ စင်နောက်ရှိ dancer များမှာ နောက်ဆုံးအဖွဲ့က ပို၍ တောက်လောင်သော ဖျော်ဖြေမှုတစ်ခု ‌ယူဆောင်လာမည်ဟု မျှော်လင့်ချက်များ ပြည့်နေကြ၏။

မည်သို့ဆိုစေကာမူ...

"အိုးမိုင်ဂေါ့! သူတို့အကွက်တွေက ရှုးထင်ထင်အဖွဲ့နဲ့ လုံးဝတူနေတာပဲ။"

"ကူးချထားတာ၊ အိုင်းယိုး ဘယ်လိုလုပ် ဒီလိုလုပ်နိုင်ရတာလဲ။"

ရှုးထင်ထင်နှင့်သူတို့အဖွဲ့သားများက အံ့ဩတကြီး ထရပ်မိကြသည်။ ရှုးထင်ထင်၏ ပထမဆုံးတုံ့ပြန်မှုမှာ လင်ရှီးကို ကြည့်လိုက်ခြင်းပင်။ သူမ ထင်မှတ်ထားသည်နှင့် အတော်လေးခြားနားစွာပင် လင်ရှီးမျက်နှာက ပေါ့ပါးနေကာ အားလုံးသိနေသကဲ့သို့ ဖြစ်နေသည်။ သူမမျက်နှာထက် ချက်ချင်းဒေါသရိပ်များသန်းလာသော်လည်း ရိုက်ကူးခံနေရခြင်းကြောင့် သူမ အလွန်အကျွံထမလုပ်ရဲပေ။

အကျိုးနည်းပဲ၊ အရင်က လူအများရှေ့မှာ သူမကို ဖော်မိရုံလေးပဲမဟုတ်ဘူးလား။ လင်ရှီး သူမအပေါ် ဒီလိုအကွက်ချလောက်သည်အထိ ရက်စက်မည်ဟု သူမ မထင်ထားပါချေ။

ယွီကျားယင်က အတွေးနက်နေလျက် လင်ရှီးအား ကြည့်လိုက်ပြီး အကြည့်များပြန်ရွှေ့သွား၏။

သူမ၏တည်ငြိမ်သောအမူအရာကို မြင်သောအခါ တုံ့ပြန်ဖို့အစီအစဉ်ရှိနေပြီဖြစ်ကြောင်း သူသိလိုက်သည်။

စင်အောက်ရှိလူများမှာ စိတ်ရှုပ်ကုန်ကြ၏။

ဒါရိုက်တာချုပ်ကျန်းရှယ်က တူရိယာတစ်ခုကို ရိုက်လိုက်၍။ "ဘာတွေဖြစ်နေတာလဲ။"

"ဒါရိုက်တာ အခု ရိုက်ကူးရေး ရပ်ထားလိုက်ချင်လား။"

သူ့မျက်ခုံးများ စုကြုံ့သွားပြီး ရုတ်တရက် ပြေလျော့သွား၏။ သူ့မျက်လုံးများ လက်ခနဲဖြစ်သွားသည်။ ဒီလိုဗန်းပြတာမျိုးက အစီအစဉ်အတွက်ကောင်းသည်။

"ဆက်ရိုက်။"

နှစ်များစွာအတွင်း သူတို့ အစီအစဉ်များစွာ ရိုက်ခဲ့ဖူးပြီဖြစ်သဖြင့် ဘယ်လို ထွင်လုံးမျိုးကတော့ ကြည့်ရှုနှုန်းများတတ်သည်ကို သိနေ‌ပြီဖြစ်၏။

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် Where stories live. Discover now