Kiss Husband - 164
အပိုင်း (၁၆၄)
အဆုံးမရှိ အမှောင်ထုကြီးက သူ့ရင်ထဲ တောက်လောင်နေသောဒေါသမီးများကို ဝါးမျိုသွားသည်။
"မရီး၊ ကျွန်တော်မရီးကိုယုံတယ်၊ ကျွန်တော် နောက်ဘာဆက်လုပ်ရမလဲ။"
"အမှန်တော့ ကျွန်မအခု စိတ်ပူနေတဲ့လူတစ်ယောက်ရှိတယ်၊ အတွင်းရေးမှူးယန်ပဲ။"
"အတွင်းရေးမှူးယန်က စနစ်ကျပြီး အလုပ်လုပ်တဲ့နေရာမှာလည်း အရည်အချင်းရှိပါတယ်၊ မရီး ဘာလို့သူ့ကိုစိတ်ပူတာလဲ။"
လင်ရှီး ပါးစပ်ဟလိုက်သော်လည်း သူမအတွေးများကို ဖိနှိပ်ထားလိုက်သည်။
"ထားပါတော့၊ သူ့ကို စောင့်ကြည့်ထားလိုက်ပါ၊ ကျွန်မ နောက်ကျ ရှင့်ကိုပြောပြမယ်။"
_____________
"ကလေးလေး၊ ဒါ မူကြိုပထမဆုံးတက်တဲ့နေ့မှာ ဆရာမတွေစကား နားထောင်ရမယ်နော်။"
"မေမေ စိတ်မပူပါနဲ့၊ ရှောင်နော့ ယုန်လေးလို လိမ်လိမ်မာမာနေပါမယ်။"
ရှောင်နော့လေးက သူ့ကိုယ်သူ ထိုသို့ပြောသည်ကိုကြားလျှင် လင်ရှီး မရယ်မိဘဲမနေနိုင်။
ရွှီယိကျစ် ကားပေါ်မှဆင်းလာပြီး သူ့ခြေတံရှည်များဖြင့် လင်ရှီးနှင့် အဖိုးတန်သားသားလေးဆီသို့ လျှောက်လာ၏။
"သား နာမည် မှတ်မိလား။"
ရှောင်နော့က နှစ်ကြိမ်မျှခေါင်းငြိမ့်လိုက်သည်။
"ရှောင်နော့ မှတ်မိပါတယ် ဖေဖေရဲ့၊ သားနာမည်က ချန်နော့။"
သူတို့ မူကြိုနှင့်နီးလာလေလေ၊ ကလေးငိုသံများ ပိုကြားလာရလေလေဖြစ်သည်။
"ဝူးဝူးဝူး....မေမေ သား မူကြိုမသွားချင်ဘူး။"
"သမီးအိမ်ပြန်ချင်တယ် ကျောင်းမသွားချင်ဘူး..."
လင်ရှီက ရှောင်နော့ကို အလျင်အမြန်ကြည့်လိုက်ပြီး သူပါလိုက်ငိုမည်ကိုစိုးရိမ်နေ၏။
"မေမေ သူတို့က ဘာလို့ငိုနေကြတာလဲ။"
"အဲဒီကလေးလေးတွေက ပတမဆုံးအကြိမ် မိဘနဲ့ခွဲရတာမို့လို့လေ။"