အပိုင်း (၁၄) နေရာကို မေးမြန်းခြင်း။
"မဟုတ်ဘူး၊ နင်က သူမဟုတ်ဘူး၊ နင်ဘယ်သူလဲ။"
တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမက အက်ကွဲနေသော အသံနိမ့်နိမ့်ဖြင့် ဆက်ပြောသည်။
"ငါဘယ်သူလဲက အရေးမကြီးပါဘူး၊ အဲဒီကလေးကို မင်းမှတ်မိသေးလား။"
အော်မုန့်ရွှယ်၏မျက်နှာထက် ကယောင်ချောက်ခြားဖြစ်နေလျက်။
"ဒီကိစ္စ နင်ဘယ်လိုသိတာလဲ။"
လင်ရှီး၏မျက်လုံးများ အေးစက်နေလျက်၊ ကလေးက ဘယ်လိုဖြစ်သွားမှန်း သူမ မသိလို့သာ ဒီလိုနည်းလမ်းဖြင့် အော်မုန့်ရွှယ်ကို မေးနေရခြင်းဖြစ်သည်။
"ဒီလောက်နှစ်တွေကြာလှပြီ၊ သူ မင်းကို လာသတ်မှာ မကြောက်ဘူးလား။"
အော်မုန့်ရွှယ် မနေနိုင်ဘဲ အော်ဟစ်လိုက်မိသည်။
"ဟင့်အင်း မကြောက်ပါဘူး၊ သူ့ကို ဘုန်းကြီးတစ်ပါးက ခေါ်သွားပြီ၊ ငါနဲ့တစ်စက်မှ မဆိုင်တော့ဘူး။"
ဘုန်းကြီးတစ်ပါးက ခေါ်သွားတယ်?
မထင်မှတ်ထားစွာပင် သူမမျက်လုံးထဲ ပျော်ရွှင်မှုများ ထွက်ပေါ်လာသည်၊ သူမ ကလေးကိုရှာလိုလျှင် ဘုန်းကြီးကျောင်းနှင့် ဘုန်းကြီးများမှ စရမည်ဖြစ်သည်။
"မင်းပြောကြည့်၊ ဒါကိုသာ လင်ရှီးကိုပြောလိုက်ရင် ကစားပွဲလေးက ပိုစိတ်ဝင်စားစရာကောင်းမယ် မထင်ဘူးလား။"
အော်မုန့်ရွှယ် စိတ်ငြိမ်သွားကာ သူမမျက်လုံးများက တောက်လောင်လာသည်၊ တော်သေးလို့ ဒီကိစ္စကို သူမတစ်ယောက်တည်း သိထားတာ။
"နင်က ငါ့လျှို့ဝှက်ချက်ကို သိနေမှတော့ လွန်ခဲ့တဲ့လေးနှစ်က ဘာလို့မပြောလိုက်လဲ၊ ခုမှဒါကိုအသုံးချပြီး ပိုက်ဆံရှာချင်နေတာမဟုတ်လား၊ ပြော နင်ဘယ်လောက်လိုချင်လဲ။"
သူမ ဉာဏ်ကောင်းဟန်ဆောင်လိုက်သည်။
ပိုက်ဆံ? သူမက မိမိ မမေ့သွားအောင် သတိပေးလိုက်တာပဲ။
"မစ္စအော်က တကယ်ဉာဏ်ပြေးတဲ့သူပဲ၊ ဒါဆိုငါလည်း နည်းနည်းလောက်တောင်းမယ်၊ ၆၀ မီလီယံ။"