Kiss Husband- 38
အပိုင်း (၃၈) လူစကားနားမလည်ဘူး။
မသိနားမလည်ခဲ့သောအသက်အရွယ်က ဆန်ကုန်မြေလေးတစ်ကောင်ကို သဘောကျခဲ့မိခြင်းမှာ သူမဘဝ၏ အမည်းစက်တစ်ခုပါပေ။
"ကုမ္ပဏီက ဒီလောက်ပိုက်ဆံပြတ်နေတာလား။"
ချီကျားယန်က ညင်ညင်သာသာပြုံးလိုက်၍။
"မပူပါနဲ့၊ ငါ အမြန်ဆုံး ဘဏ္ဍာရေးဌာနကို စီစဉ်ခိုင်းလိုက်မယ်။"
လင်ရှီးက ခပ်ဖွဖွလက်ဝှေ့ယမ်းလိုက်ပြီး။
"မလိုပါဘူး၊ ကုမ္မဏီက ကျွန်မအတွက် ပေးထားတဲ့ စာချုပ်ဖျက်လျော်ကြေး ၁၀ မီလီယံကလွဲလို့ ကျန်တဲ့ ၁၃ မီလီယံပါပဲ၊ ပျော်ရွှင်စရာ စာချုပ်ဖျက်သိမ်းကြောင်းလေးပါ။"
ထိုသို့ပြောပြီးနောက် လင်ရှီးတစ်ကိုယ်လုံး စိတ်အေးချမ်းသွားသလို ခံစားလိုက်ရသည်။ သူမတွင် လက်စားချေလိုစိတ်ရှိသေးသော်လည်း ရှေ့တွင် နှစ်အများကြီး ကျန်ပါသေးသည်။
ပိုအရေးကြီးတာက သူမ ချီကျားယန်၏အသံကို ကြားတိုင်မှာ ဝမ်းဗိုက်ထဲမှ ချဉ်စူးတက်လာမိ၏။
ချီကျားယန်မှာ အံ့အားသင့်နေပုံဖြင့်၊ ထို့နောက် သူမ နောက်ပြောင်နေသည်ဟု ထင်ကာ ကောင်မလေးကို ညင်ညင်သာသာ ချော့လိုက်၏။
"ပေါင်ပေ့အာရယ် မနောက်ပါနဲ့၊ ကိုယ် အခု မင်းနဲ့လိုက်ပြီး ပိုက်ဆံထုတ်ပေးမယ်လေနော််။"
သူ သူမလက်ကို ထပ်ဆွဲချင်လာသည်ကို မြင်သောအခါ လင်ရှီး အေးစက်စွာ ရှောင်လိုက်သည်။
"ဥက္ကဌချီ လူစကားနားမလည်ဘူးလား၊ ကျွန်မ အော်မုန့်ရွှယ်ကို ခေါ်ပြီး ဘာသာပြန်ခိုင်းပေးဖို့ လိုသေးလား။"
ထိုစကားများမှာ အဓိပ္ပာယ်နှစ်ခွ ပါဝင်နေသည်။
အနှီအမျိုးသားက သူမအား မယုံနိုင်စွာ ကြည့်လာသည်၊ ထိုသို့သောလင်ရှီးက ချွင်းချက်မရှိစွာ ထူးဆန်းနေလေသည်။ သူ့မျက်လုံးများက သုန်မှုန်လာသည်။
"အဲဒီလူက မင်းကို စာချုပ်ဖျက်ခိုင်းလိုက်တာလား။"
လင်ရှီး၏နှုတ်ခမ်းပါးများထက် အေးစက်မှုတစ်စွန်းတစ် တွယ်ငြိလို့နေသည်။