Chapter 90

2.4K 197 1
                                    

Kiss Husband - 90

အပိုင်း (၉၀) ရှယ်သရုပ်ဆောင်စွမ်းရည်များ။

"တောင်းပန်ပါတယ်၊ ငါခုနက အရမ်းစိတ်လိုက်မာန်ပါလုပ်မိသွားတယ်၊ ငါ့အမှားပါ။"

အော်မုန့်ရွှယ်မှာ သူမရင်ထဲရှိအစိုင်အခဲကို ဖြည်းဖြည်းချင်းလွှတ်ချလိုက်တော့သည်။ ကြမ်းပြင်ကို လက်နှင့်ထောက်ရင်း ဖြည်းဖြည်းထရပ်ကာ လင်ရှီးဆီ လျှောက်သွားလိုက်၏။

"နင် ငါ့ကိုစိတ်မဆိုးဘူးမို့လား။"

လင်ရှီးက သက်ပြင်းတစ်ခုမှုတ်ထုတ်လိုက်ပြီး တစ်ရှူးအရှည်တစ်ရွက်ယူလိုက်ကာ အော်မုန့်ရွှယ်ပါးစပ်ထောင့်စွန်းရှိသွေးစများကို ဖြည်းဖြည်းချင်းသုတ်ပေးလေသည်။

"ခုနက ငါမကောင်းတာပါ၊ အခုနာနေသေးလား။"

ဤသည်မှာ အနာပေးပြီးမှ ဆေးကျွေးခြင်းဟု ခေါ်သည်။

အော်မုန့်ရွှယ်၏နှုတ်ခမ်းထောင့်များမှာ တောင့်တင်းစွာဖြင့် အပြုံးတစ်ခု ဖြစ်ပေါ်သွားရသည်။

"နင်စိတ်မဆိုးတော့ မနာတော့ပါဘူး။"

လင်ရှီး နင့်ဒီရိုက်ချက်ကို အနှေးနဲ့အမြန်ပဲ ငါ နှစ်ဆတိုးပြီး ပြန်ပေးလိုက်မယ်။

"နင်တို့နှစ်ယောက်ကိစ္စကို ငါမသိချင်ယောင်ဆောင်လိုက်ပါ့မယ်၊ ဒါပေမယ့် ငါဘယ်လိုလုပ်ရပါ့မလဲ၊ အရင်က ကျားယန်ကောကို မကောင်းတဲ့စကားတွေပြောခဲ့တာ၊ သူငါ့ကို စိတ်ဆိုးနေလားလဲမသိဘူး၊ ဟုတ်သား သူ ငါ့ကို ဘာလို့လာမတွေ့တာလဲ။"

လင်ရှီး၏မျက်လုံးများမှာ ကူကယ်ရာမဲ့မှုတို့ ပြည့်လို့နေသည်။

အော်မုန့်ရွှယ်မှာ နောက်ဆုံးတော့ သတိလွှတ်ချနိုင်ခဲ့ပြီဖြစ်သည်။ ကြည့်ရတာ သူမမှတ်ဉာဏ် တကယ် 'ပြန်ရ'သွားပုံပေါ်ပြီး အတိတ်ကလင်ရှီးပြန်ဖြစ်သွားလေပြီ။

သို့သော် ယခုနက အကြောင်းရင်းမရှိ ထွက်ပေါ်လာသော ထူးဆန်းသည့် ကြောက်စရာခံစားချက်ကြီးမှာ အဘယ်နည်း။ လင်ရှီးက အရူးတစ်ယောက်သာသာပင်၊ မိမိကို သတ်တော့မလို ပုံရိပ်ယောင်မျိုး အဘယ်ကြောင့် ထုတ်လွှတ်နိုင်ရသနည်း။

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် Where stories live. Discover now