Chapter 35

3.7K 343 1
                                    

Kiss Husband - 35

အပိုင်း (၃၅) ယောက္ခမက တကယ်ကောင်းတယ်။

သူ့ဇနီးက ပုံစံအစစ်များ ထပ်ဖော်လာသည်ကို မြင်သောအခါ ရွှီရှင်းရုန်က သူမကို အားနှင့်တွတ်ထိုးလိုက်သည်၊ ချွေးမလေး ရှိနေသေးတယ်လေ!

စူးကျစ်ယန်က ချက်ချင်းကိုယ့်ကိုကိုယ်ပြန်ထိန်းချုပ်လိုက်ကာ သူမမျက်နှာထက် ယွမ်မီလီယံတန် အပြုံးတစ်ပွင့်ဖြင့်။

လင်ရှီးက မျက်လုံးများကို ခပ်မြန်မြန်ပွတ်သုတ်လိုက်ကာ ထရပ်လိုက်ပြီး တောထဲက ငှက်ကလေးတစ်ကောင်လို သူ့ဆီပျံသွား၏။

"ယိကျစ် ရှင်ဒီမှာဘာလုပ်နေတာလဲ။"

ရွှီယိကျစ်၏မျက်နှာမှာ မှုန်မှိုင်းနေလျက်၊ သူ့အသံနိမ့်နိမ့်မှာ ဖိအားအ‌နည်းငယ်ရောစွက်လို့နေသည်။

"သူတို့ မင်းကိုအနိုင်ကျင့်သေးလား။"

"မဟုတ်ပါဘူး၊ ကျွန်မအရမ်းပျော်လို့။"

သူမ သူ့နားနားသို့တိုးကပ်သွားကာ ရှက်ရွံ့စွာဖြင့် တိုးတိုးလေးပြောလိုက်သည်။

"ယောက္ခမကြီးက ခုနလေးတင် အမေလို့ခေါ်ဖို့ ကျွန်မကို ပြောနေတာ၊ နည်းနည်းစိတ်လှုပ်ရှားနေတယ်။"

သူမ၏ မဆိုစလောက်ရှက်ရွံ့နေသောအသံလေးကို ကြားရသည်မှာ လူကို နားယားစေသည်။ ရွှီယိကျစ်၏နှလုံးသားမှာလည်း ကြည်လင်သော နွေဦးရေစင်လေးနှင့် ရေဓာတ်ဖြည့်ခံလိုက်ရပုံပေါ်ပြီး သူ့ကိုယ်တဝိုက်မှ အေးစက်မှုများကို ဖြည်းဖြည်းချင်းအ‌ရည်ပျော်သွားစေလေသည်။

သခင်ကြီးက လက်ဖက်ရည်ခွက်ကို ချလိုက်သည်။

"မင်းဒီကောင်စုတ်လေးကတော့၊ ဒါ မင်းအမှားမဟုတ်ဘူးလား၊  ကွာရှင်းတော့မှာလို့ မင်း ဘယ်သူက ပြောခိုင်းလို့လဲ။"

ရွှီယိကျစ်၏ရင်ထဲ တင်းကြပ်သွားရကာ အလျင်အမြန် လင်ရှီးကိုလှည့်ကြည့်လိုက်သည်။

လက်စသတ်တော့ ခုနက သူတို့ပြောခဲ့တာရဲ့ ရည်ရွယ်ချက်က.... ဒါက ဘယ်လောက်တောင်ချစ်ရာကောင်းလိုက်တဲ့ မိသားစုဝင်တွေလဲ!

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် Where stories live. Discover now