Chapter 185

1.7K 96 4
                                    

Kiss Husband - 185

အပိုင်း (၁၈၅)

"မဟုတ်ရင်ရော၊ အော်ကျဲက ဘယ်လိုထင်လို့လဲ၊ ငါနဲ့ လင်ရှီးတို့ကြား အပေးအယူရှိနိုင်ပါ့မလား။"

ရှန်ပင်းချန့်က မေးသည်။

အော်မုန့်ရွှယ်က ချက်ချင်းပြုံးလာသည်။

"မဟုတ်ပါဘူး၊ ဒီတိုင်း မေးကြည့်ကြည့်တာ။"

ရှန်ပင်းချန့်က အနည်းငယ်တုံးသော်လည်း ဆီပြည့်နေသောမီးအိမ်မဟုတ်မှန်းတော့ သူမ သိပါသည်။ ဒီတစ်ခေါက် သူမက အယ်လ်ဘမ်ထုတ်ချင်သည်ဖြစ်၍ ၎င်းကို ကောင်းကောင်းအသုံးချရမည်။

ချီကျားယန်၏ရုံးခန်းထဲဝင်ပြီးနောက် သူမ တံခါးပိတ်လိုက်သည်။

ချီကျားယန်က မော့ကြည့်လာပြီး ဖုန်းဆက်ပြောနေ၏။

"အမေ ဒီနေ့ကိုပြောတာလား၊ မပူပါနဲ့၊ ကျွန်တော် သူ့ကို သေချာပေါက် ပြန်ခေါ်လာပေးမယ်။"

သူ ဖုန်းချလိုက်သည်ကိုမြင်သော် သူမ မေးလိုက်သည်။

"ကျားယန်ကော ခုနက အသံကို နားထောင်ရတာ ရှင့် အမေနဲ့ ပြောနေတာလား။"

ချီကျားယန်က စာရွက်စာတမ်းများကို ဘေးချလိုက်သည်။

"အင်း၊ မင်းမှာ ပြောစရာရှိလို့လား။"

ချီကျားယန်၏ အလုပ်သဘောဆန်သောလေသံကို ကြားရသော် အော်မုန့်ရွှယ် အနည်းငယ် မသက်မသာခံစားလိုက်ရသည်။ ထို့နောက် သူမ နှုတ်ခမ်းထောင့်တစ်ဖက် ဆတ်ခနဲလှုပ်သွား၏၊ သူမ အနာဂတ်တွင်လည်း သူ့ရှေ့တွင် သရုပ်ဆောင်နေဖို့ စီစဉ်ထားသေးလေသည်။

"ကျားယန်ကော၊ ကျွန်မ ရှန်ပင်းချန့်အခြေအနေကို ရှင့်ဆီတင်ပြဖို့ လာတာပါ။"

"မလိုပါဘူး ငါ မင်းအရည်အချင်းကိုယုံတယ်၊ မင်းမှာ တခြားလုပ်စရာမရှိရင် ငါအရင်သွားနှင့်ပြီ၊ တစ်ခုခုဆို ဖုန်းဆက်လိုက်။"

သူ လောနေပုံကိုမြင်သောအခါ အော်မုန့်ရွှယ် စပ်စုချင်မိသော်လည်း ခေါင်းသာညိမ့်လိုက်သည်။

"ဟုတ်ကဲ့ သိပါပြီ။"

"မဒမ်။"

အန်တီကျန်းက ပြောရန်တွန့်ဆုတ်နေသည်ကိုမြင်သောအခါ လင်ရှီး တိုက်ရိုက်ပဲပြောလိုက်သည်။

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် Donde viven las historias. Descúbrelo ahora