Kiss Husband - 183
အပိုင်း (၁၈၃)
အခု လင်ရှီးစိတ်အပူဆုံးမှာ သူမမျက်နှာ ပါမပါကိုပင် ဖြစ်သည်။ ထိုအချိန်က သူမ mask ချွတ်ခဲ့သည်ကို မှတ်မိ၏။
"ပင်လယ်မြေခွေးဟိန်းသံ" ရိုက်ပြီးလျှင် သူမ အနားယူဖို့ ဆုံးဖြတ်ထားပြီးဖြစ်သည်။ သို့သော် ကိစ္စများက ဒီလောက် ရုတ်တရက်ဆန်လာလိမ့်မည်ဟု သူမ မထင်ထားပေ။
သူမအသက်မွေးဝမ်းကြောင်းအလုပ်က ပြဿနာကြီးမဟုတ်။ စိုးရိမ်သည်မှာ သူမက လူထုပုံရိပ်တစ်ခု ဖြစ်နေသည်ပင်။ သတင်းများထွက်လာသည်နှင့် ထိခိုက်မည်မှာ ရှောင်နော့ပင်ဖြစ်သည်။
ရွှီယိကျစ် အနည်းငယ်မျက်မှောင်ကြုံ့လိုက်သည်။
ရှောင်နော့မှာ အစီအစဉ်တွင် ပါဝင်ရသည်ဟု ကြားသောအခါ မျက်လုံးလေးများ တလက်လက်တောက်လာသည်၊ သူ တီဗီမှာပါရတော့မယ်လို့ ဆိုလိုတာလား။
ခပ်ဝဝဦးလေးကြီးက ခေါင်းယမ်းလိုက်သည်၊ သူမလည်းပဲ အစီအစဉ်တွင် မျက်နှာပြချင်သည်ဟု ထင်နေ၏။
"ကျွန်တော်တောင်းပန်ပါတယ်၊ အဲဒီတုန်းက ခင်ဗျားရှေ့မှာ အကွယ်တစ်ခုရှိနေတော့ ခင်ဗျားမျက်နှာကို မရိုက်မိလိုက်ဘူး၊ ကလေးပဲပါတယ်၊ ဒီတစ်ခါတော့ ခင်ဗျားကလေးနဲ့အတူ အစီအစဉ်မှာ ပါလို့ရပါတယ်။"
ရွှီယိကျစ်မျက်လုံးများ ဖြည်းဖြည်းချင်းမှုန်မှိုင်းလာသည်။
သူမမျက်နှာ မမြင်လိုက်ဟုပြောသည်ကိုကြားလျှင် လင်ရှီး အနည်းငယ်စိတ်အေးသွားသည်။
"အားနာပါတယ်၊ ကျွန်မတို့ စိတ်မဝင်စားပါဘူး။"
သူမစကားပြန်လာသည်ကိုကြားသော် ခပ်ဝဝဦးလေးကြီးမှာ ကြောင်အ,သွားရသည်။ တစုံတစ်ယောက်က သူတို့အစီအစဉ်တွင် မပါဝင်ချင်ဟုပြောသည်ကို သူ ပထမဆုံးကြားဖူးခြင်းဖြစ်၏။
သူမတို့က အစီအစဉ်အကြောင်းမသိလို့များလား။
"ကျွန်တော်တို့အစီအစဉ်ကို ခင်ဗျားရှာကြည့်လို့ရပါတယ်၊ လောလောဆယ် တအားရေပန်းစားနေတာပါ၊ အခကြေးငွေကတော့ စိတ်ချလို့ရတယ်၊ ခင်ဗျားရဲ့အတိုင်းအတာက ဆီလျော်နေသ၍ ကျွန်တော်တို့ ခင်ဗျားကို စိတ်ကျေနပ်စေရမှာပါ။"