Kiss Husband - 91
အပိုင်း (၉၁) မှတ်မိနေသောရနံ့။
ကြည်နေသောမှန်တံခါးမှတစ်ဆင့် အခန်းတွင်းရှိ မီးရောင်မှိန်မှိန်အောက် အရိပ်တစ်ခု တွေ့ရပြီး လင်ရှီး ခပ်ဖွဖွခေါင်းညိမ့်ပြလိုက်ကာ တံခါးဖွင့်လျက် အခန်းတွင်း ဝင်သွားသည်။
"ကျားယန်ကော?"
ထိုအမျိုးသားက မော့ကြည့်လာ၏၊ သူမအသံကို ကြားလိုက်ရချိန်တွင် သူ့နှလုံးသားတစ်ခုလုံးမှာ ပင်လယ်ထဲ ပြုတ်ကျသွားရသည့်နှယ်။ သူမ လာခဲ့သည်ပင်။
သူ အမှန်ပင် ပြုစားခံလိုက်ရပုံပေါ်သည်။ 'ရှင်သာ ချီကျားယန်ဆိုရင် လင်ရှီးက ရှင့်ကို ဘာလုပ်လိမ့်မလဲ' ထိုစကားမှာ သူရင်ထဲ တဝဲလည်လည်ဖြင့် အချက်ပေးနေလေသည်။
အဆုံးမှာတော့ သူ့နှလုံးသားကို နာခံခဲ့သေးသည်သာ။ 'မင်းမျက်လုံးနဲ့ ကိုယ်တိုင်မြင်ရရင် မင်းလက်လျှော့လိုက်လို့ရပြီ'ဟု တွေးလျက်ဖြင့်။
ဒီတစ်ညပြီးရင်တော့ သူလက်လွှတ်လိုက်မည်။ သူ၏တိုတောင်းလှသော ပျော်ရွှင်မှုကလေးမှာလည်း ဒီညတွင် အဆုံးသတ်ပေလိမ့်မည်။
လင်ရှီးကဖြည်းဖြည်းချင်း ချဉ်းကပ်လို့လာပြီး သူ့အား ရင်ထဲရှိ မပျော်ရွှင်မှုများကို ရင်ဆိုင်ရန် တွန်းအားပေးလို့နေသည်။
"တောက်__တောက်__တောက်.."
ကြမ်းပြင်ပေါ် ဒေါက်ဖိနပ်နင်းလျှောက်သွားသံက ဗလာဟင်းလင်းရုံးခန်းထဲတွင် အတော်လေးကျယ်နေသယောင် ထင်ရသည်။
ပို၍ ပို၍ နီးရင်း..နီးရင်း...နီးလာခဲ့ပြီး သူမက သူ့မျက်နှာချင်းဆိုင်ရှိ ထိုင်ခုံပေါ် ထိုင်ချလိုက်သည်။ သို့သော် သူမမျက်နှာမှာ အေးစက်စက် ဆောင်းတစ်ည၏ မိုးသီးများအလား၊ စက်ဆုပ်မှုတို့ဖြင့် ထိုအကြည့်မှာ သူ့အတွက် ရင်းနှီးနေသည်။
"အိုး အော်မုန့်ရွှယ် ရှင့်ကို ပြောထားပြီးလောက်ပြီမလား၊ ကျွန်မ အခုအကုန်လုံးမှတ်မိသွားပြီလေ။"
ရွှီယိကျစ်၏ရင်ထဲ ခဏမျှပျာယာခတ်သွားသည်။ သူမ ရိပ်မိသွားပြီလား။