Kiss Husband - 23
အပိုင်း (၂၃) သူက သူမရဲ့အိပ်ဆေး။
ရွှီယိကျစ် ကြောင်အသွားပြီး သူ့ပါးပြင်များမှာ သဘာဝမဆန်စွာ ပန်းရောင်သန်းလာတော့သည်။
....
လူနှစ်ယောက်က အိပ်ရာပေါ်လှဲကာ မျက်နှာကျက်ရှိ လက်ရာမြောက်ကနုတ်များကို ကြည့်နေကြသည်။
လင်ရှီး တစ်ချက်ရင်ခုန်သွား၏၊ သူမခန္ဓာကိုယ်လေးမှာတော့ မလှုပ်ရှားရဲ။
ခုနလေးက သူမ အနည်းငယ်အားနာသမှုလေးထား၍ သူ့ကို စနောက်ကာ သူ့၏ ရိုးရိုးသားသား ရှက်နေပုံလေးကို မြင်ချင်ခဲ့ခြင်းဖြစ်သည်၊ သူက အတည်ကြီးမှတ်ယူလိုက်လိမ့်မည်ဟု ထင်မထားပေ။
သူမ သူ့ကိုလက်ခံကာ ချစ်ဖို့ ကြိုးစားနေသော်လည်း ဖြစ်စဉ်များက မြန်လွန်းသည်... အိပ်ရာခင်းကို ဆုပ်ကိုင်ထားသော လက်များက တင်းကြပ်သထက် တင်းကြပ်သွားရ၏။
ရွှီယိကျစ်၏ လည်ဇလုတ်မှာ မသိလိုက်မသိဘာသာဖြင့် အပေါ်အောက် ရွေ့လျားသွားပြီး အနည်းငယ်ရေဆာလာသည်။
သူ့ကျောပြင်မှာလည်း တောင့်တင်းနေလျက်၊ နှစ်ပေါင်းထောင်ချီ ရေခဲရိုက်ခံထားရသည့်နှယ်၊ သို့သော် သူ့နှလုံးသားမှာတော့ မီးတောက်လောင်နေသလို လောင်ကျွမ်းနေကာ ရေခဲကို အရည်ဖျော်နေလေသည်။
ရှုပ်ထွေးနေသော ခံစားချက်များအောက်တွင် လင်ရှီးမှာ သူ့ကိုစကားပြော၍ အာရုံလွှဲရန် ဆုံးဖြတ်လိုက်ပါသည်။
"ယိကျစ်?"
"အင်း ဘာလဲ။"
သေချာနားထောင်လျှင် ထိုအမျိုးသား၏အသံက အနည်းငယ် ဗလုံးဗထွေးဖြစ်နေ၏။
"ကျွန်မတို့ ပထမဆုံးတွေ့တာ ဘယ်အချိန်ကလဲ။"
၎င်းနှင့်ပတ်သက်၍ တကယ် မည်သည့်မှတ်ဉာဏ်မှ ရှိမနေပါ။ ထိုအမျိုးသားက အဘယ်ကြောင့် သူမကို သဘောကျပြီး၊ သူမအား အတင်းအကြပ်လက်ထပ်ခိုင်းရန် မည်သည့်နည်းလမ်းများဖြင့် မိထွေးကို ဖိအားပေးခဲ့သည်ကို သူမ တကယ်နားမလည်ပေ။
ထိုအမျိုးသား၏ရင်ထဲမှ မီးတောက်ဟာ ဖြည်းဖြည်းချင်း ငြိမ်းသွားပြီး သူ့မှတ်ဉာဏ်များက သူတို့ပထမဆုံးအကြိမ်တွေ့ခဲ့သည့်အချိန်သို့ ပြန်လည်ရောက်ရှိသွားသည်။