Chapter 106

2.1K 173 1
                                    


အပိုင်း (၁၀၆) ကိုယ်ဝန်ရှိနေပြီ။

မုန့်ရှီးချန်မှာ စိတ်မပူမိဘဲမနေနိုင်။

"မင်းကို ဆေးရုံခေါ်သွားပေးရမလား။"

သို့သော် 'ပိုင်ထျန်းချီ'က ရှုးထင်ထင်၏လက်ကို ဆွဲကာ သူ့လက်အား သူမလက်ကောက်ဝတ်ပေါ်ရှိ သွေးကြောထက်သို့ တင်လိုက်သည်ကို တွေ့လိုက်ရ၏။

"မင်းဘာလုပ်နေတာလဲကွ။" မုန့်ရှီးချန်က ဒေါသတကြီးဖြင့် ပြန်ပြော၏။

"ကျွန်တော်ငယ်ငယ်တည်းက နည်းနည်းတော့ သွေးကြောစမ်းပေးနိုင်ပါတယ်၊ စကားမပြောပါနဲ့ဦး။"

မုန့်ရှီးချန်က တစ်ခုခုထပ်ပြောလိုက်ချင်ပုံရသော်လည်း မုန့်ကျင်းယွဲ့က သူ့အကျီလက်ကို ဆွဲထား၏။။

"ဦးလေးရယ် စိတ်မပူပါနဲ့၊ မပြောခင် အရင် သူ့ကို ကြည့်ခိုင်းလိုက်ပါဦး။"

ရှုးထင်ထင်က နာကျင်နေသကဲ့သို့ ဆက်လက်ဟန်ဆောင်နေရင်း လင်ရှီးအား သရုပ်ဆောင်နေစေသည်။

"ရှုးလောင်ရှစ်၊ ဒီလ ရာသီမလာခဲ့ဘူးမဟုတ်လား။"

ယောင်္ကျားကြီးတစ်ယောက်က ထိုမေးခွန်းအား အမှန်တကယ်ကြီးမေးလာသည်ကို ကြားလိုက်ရသောအခါ မုန့်ရှီးချန်မှာ ချက်ချင်းမျက်နှာပြောင်းသွားပြီး မုန့်ကျင်းယွဲ့မှာမူ မျက်နှာများနီမြန်းသွားရသည်။

ရှုးထင်ထင်က ညင်သာစွာ ခေါင်းညိမ့်သည်။ "အင်း။"

"ရှုးလောင်ရှစ်၊ ကိုယ်ဝန်နှစ်ပတ်ရှိနေပြီဗျ!"

အခန်းထဲရှိ ကျန်လူသုံးယောက်၏မျက်နှာများမှာ အကြီးအကျယ်ပြောင်းသွားရသည်။ မုန့်ရှီးချန်မှာ မျက်လုံးများပြူးထွက်လျက် မယုံနိုင်စွာ စိုက်ကြည့်နေလေသည်။

သူမ လင်ရှီးနှင့်ပူးပေါင်းသရုပ်ဆောင်နေခြင်းကို အပထား၍ ရှုးထင်ထင်မှာလည်း ကြောင်အ,သွားရသည်။ လင်ရှီးက 'ကိုယ်ဝန်အတု'ကို သုံးပြီး မုန့်ရှီးချန်ကို ‌ဖမ်းချင်တာတော့မဟုတ်ဘူးမလား၊ အကယ်၍ ရှီးချန်သာ သိသွားခဲ့လျှင်...။

မုန့်ကျင်းယွဲ့မှာ အံ့အားသင့်မှုအပြည့်ဖြင့်။

"ထျန်းချီ၊ ရှင်တကယ်ပြောနေတာလား၊ ကျွန်မအန်တီက တကယ်ကိုယ်ဝန်ရှိနေပြီလား။"

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် Where stories live. Discover now