Chapter 120

1.7K 115 1
                                    

Kiss Husband - 120

အပိုင်း (၁၂၀) တိတ်တဆိတ် ဆုံးဖြတ်ချက်ချခြင်း။

ချီကျင့်ယွီက သူမကို မသ်ကာစွာ ကြည့်လာသည်။

"ဧကန္တ မရီးကိုယ်တိုင် ပွဲထဲဝင်သွားတာတော့ မဟုတ်ဘူးမလား။"

"ရှင်ဘယ်လိုသိတာတုန်း။" လင်ရှီးက သူ့ကို အံ့ဩစွာကြည့်လိုက်မိသည်။

"တွေ့လား၊ ကျွန်တော်ပြောသားပဲ၊ အငယ်အနှောင်းက ငါးစာလာဟပ်ရဲ့လား။"

လင်ရှီးက ပြတင်းအပြင်ကိုသာ လှမ်းကြည့်နေသည်၊ အာ၊ သူမ(မုန့်ကျင်းယွဲ့)က အငယ်အနှောင်း မဟုတ်ပါဘူးနော်၊ ဟုတ်ပြီလား။

‌ဒါပေမယ့် ဒီလောက်ရှက်စရာကောင်းတဲ့ကိစ္စကို ဘယ်လိုလုပ် ထပ်ပြောပြနေရမှာလဲ။

"တော်ပြီ၊ ရှင်မကူညီလည်း ရတယ်၊ အတင်းပြောချင်နေသေးတယ်။"

ချီကျင့်ယွီက စိတ်ကောက်ကာ ဘေးသို့ပြန်လှည့်သွားတော့သည်။

မုန့်မိသားစုအိမ်တွင်။

"အန်တီ ဒီတစ်ခေါက် ပြိုင်ပွဲ အဆင်ပြေခဲ့ရဲ့လား။"

မုန့်ကျင်းယွဲ့မှာ ဒီတစ်ခေါက်လည်း သူမအဒေါ် ပထမရခဲ့သည်ဟု ထင်ထား၏။

ရှုးထင်ထင်၏မျက်နှာမှာ မသိမသာရှက်ရွံ့ပုံပေါ်သွားသည်။ အခု တစ်မိသားစုလုံး ရှိနေ၍ သူမ မျက်နှာနီမြန်းလျက်သာ ပြောနိုင်လေသည်။ "ဟင့်အင်း။"

သခင်မကြီးမုန့်က သူမကို ကြည့်ကာ မပျော်မရွှင်ဖြင့် မျက်မှောင်ကြုံ့လိုက်သည်။ နောက်ဆုံးတစ်ခေါက်က သူမ သားအကြီးဆုံးကို ကွာရှင်းဖို့ ပြောခဲ့ပါသေးသည်။ ဤသည်က ကောင်းသောကိစ္စတော့ မဟုတ်ပေ။

"ရှက်စရာပဲ။"

ရှုးထင်ထင်မှာ တိတ်တဆိတ် ခေါင်းငုံ့၍သာ စကားတစ်ခွန်းမှမပြောဘဲ တူများကို လှုပ်ရှားနေတော့သည်၊ လေထုကလည်း ရုတ်တရက် ထိုင်းမှိုင်းလို့လာ၏။

သခင်မကြီး၏စကားသံ ထွက်လာသည်နှင့် မုန့်ကျင်းယွဲ့မှာ မိမိ စကားမှားသွားမှန်း ချက်ချင်းသိလိုက်ပြီး စကားလမ်းကြောင်းပြောင်းလိုက်သည်။

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် Where stories live. Discover now