Kiss Husband - 48
အပိုင်း (၄၈) အကြွေးမုန်တိုင်း (၁)
"အမေ ဒီနေ့ ဘယ်လိုလုပ်အစောကြီးပြန်ရောက်နေတာလဲ။"
"ပြောစမ်း နင်အပြင်မှာ ဘာတွေလုပ်ထားလဲ။"
ထိုအမျိုးသမီး၏လေသံက တည်ငြိမ်နေသော်လည်း သူမမျက်နှာက မှောင်မှိုင်းနေကာ သူမ၏ ဒေါသများက ထိပ်ဖျားလေးတွင်ရောက်နေပြီဖြစ်သည်။
မုန့်ဇစ်မြောင်၏မျက်ခွံများပင့်သွားရသည်၊ အမေ ဒီအကြောင်း မသိလောက်ဘူးမဟုတ်လား။
သူမ အပြစ်ရှိစိတ်ဖြင့် လှည့်လိုက်ရင်း။
"အမေ ဘာတွေပြောနေတာတုန်း၊ ကျွန်မ နေ့တိုင်းအိမ်မှာနေပြီး ဘာတွေထွက်လုပ်နိုင်ရမှာလဲ။"
အမျိုးသမီးက နာကျင်စွာဖြင့် မျက်လုံးများမှိတ်ချလိုက်လျက်၊ သူမစိတ်ရှိ စိတ်ပျက်ရမှုများကြောင့် ပြိုလဲကျလုနီးပါး။
သူမ ဖြည်းဖြည်းချင်း မျက်လုံးများ ပြန်ဖွင့်လိုက်ပြီး သူမ၏ စူးရှသောမျက်ဝန်းများက မုန့်ဇစ်မြောင်ကို ထိုးဖောက်သွားလုနီးနီးပင်
"နင် အမှန်ကို မပြောသေးဘူးဟုတ်?"
သူမ ဖုန်းကိုစားပွဲပေါ်ချလိုက်ရင်း။
"ဒီစာနှစ်စောင်ကြောင့်သာ မဟုတ်ရင် ငါ့သမီးက ဒီလိုအရည်အချင်းမျိုးရှိနေတာတောင် ငါသိရမှာမဟုတ်ဘူး။"
မုန့်ဇစ်မြောင် : "အမေ အဲဒါဘာကြီးလဲ"
သူမ ဖုန်းကိုကိုင်ပြီး ကြည့်လိုက်သည်နှင့် မုန့်ဇစ်မြောင်မှာ တစ်ကိုယ်လုံးအေးစက်သွားရသည်၊ ရွှံ့နွံထဲနစ်မြုပ်သွားရသည့်အလား။
"သူတို့....သူတို့တကယ်ပဲ.... အမေ၊ အမေ ကျွန်မ မှားပါပြီ၊ ကျွန်မ တကယ်မှားခဲ့ပါတယ်။"
ထိုအမျိုးသမီးက သူမသမီးအား ယူကြုံးမရစွာ ကြည့်နေ၏။ သူမ ၎င်းကို ပထမဆုံးသိရှိလိုက်ရချိန်တွင် သူမ ကောင်းကင်ပြိုကျသွားသလို ခံစားခဲ့ရကာ မတ်မတ်ပင်မရပ်နိုင်ခဲ့ချေ။
"နင် ပညာသင်ဆုရတယ်လို့ မပြောခဲ့ဘူးလား၊ ပိုက်ဆံလောက်တယ် မပြောခဲ့ဘူးလား၊ ယွမ် ၂ သိန်းခွဲတောင်၊ နင် ဘယ်လိုလုပ် ဒီကိစ္စမျိုးလုပ်နိုင်ရတာလဲ!!"