Chapter 62

3.1K 262 1
                                    

Kiss Husband - 62

အပိုင်း(၆၂) ကျောင်းသားဟောင်း တွေ့ဆုံပွဲ (၁)

B-king ၏ ပြိုင်ပွဲမှထွက်ခွာရမှုက အော်မုန့်ရွှယ်ကို သတိပေးလိုက်သည့်အလား။ လင်ရှီးက အရင်ကနှင့်မတူတော့၊ သူမ လင်ရှီးကို စမ်းသပ်ကြည့်သင့်သလား။

B-king သည် ‌ဒေါသတကြီးဖြင့် အော်မုန့်ရွှယ်ကို လာရှာ၏ ။ "ဘာမှအမှားအယွင်း ဖြစ်မှာမဟုတ်ဘူးလို့ ခင်ဗျားမပြောခဲ့ဘူးလား။

အော်မုန့်ရွှယ်က နှာတစ်ချက်မှုတ်လျက်၊ တုံးနေတာက သိသိသာသာကြီး ရှင်ပဲကို၊ အခုတော့ ကျွန်မကို လာအပြစ်တင်နေတယ်ပေါ့။

"ကဲပါ ပြိုင်ပွဲကထွက်ရတာလေးပဲလေ၊ မပူနဲ့၊ ရှင် ဒီကိစ္စကို ရှင်ဗိုက်ထဲမှာပဲ အရိုးဆွေးတဲ့အထိ သိမ်းထားသ၍ ပိုက်ဆံများများပေးမယ်။"

....

လင်ရှီး အဝတ်လဲခန်းထဲသို့ ပြန်လာလိုက်သည်။ သူမ ပထမဆုံးလုပ်သောကိစ္စမှာ ‌ပြိုင်ပွဲမစခင် အော်မုန့်ရွှယ် ပို့လာသည့်ဝတ်စုံကို စစ်ဆေးခြင်းဖြစ်သည်။

သူမ ဝတ်စုံ၏ လည်ပင်းမှ ကိုင်မ,လိုက်ပြီး အကြိမ်အနည်းငယ် ခါလိုက်၏။ သူမ အတွေးလွန်နေပုံပေါ်ပါသည်။

"ရှီး---"

ဝတ်စုံက ကြမ်းပေါ်ကျသွားသည်။ သူမလက်ချောင်းထိပ်ရှိ အပ်ပေါက်ရာကို ကြည့်ရင်း လင်ရှီး၏မျက်ဝန်းများ ဖြည်းဖြည်းချင်း မှောင်ကျသွားသည်မှာ ညအမှောင်တွင်းရှိ ချီတာကျားသစ်တစ်ကောင်ကဲ့သို့။

အော်မုန့်ရွှယ် နင်တော်တော် 'ဝီရိယ'ရှိနေတာပဲ။ အပ်ကို ဝတ်စုံ၏ သတိမထားမိနိုင်ဆုံးနေရာတွင် ထိုးလို့ထားသည်။ dancer က လှုပ်ရှားမှုကျယ်ကျယ် ကမိပါက အပ်ဖြင့်အထိုးခံရမည်ဖြစ်လေသည်။  ဤသို့ မဆင်မခြင်ဖြင့် ရွံရှာစက်ဆုပ်ဖွယ် လုပ်ရပ်က အော်မုန့်ရွှယ်၏ 'အရှက်မရှိမှု'ကို ရှုထောင့်အသစ်တစ်မျိုးမှ မြင်လိုက်ရသည်ပင်။

ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှုများကို သတိပြုမိရန် ခက်ခဲသည်။ သူမအား လက်ထောက်အဖြစ် နံဘေးတွင်ထားထားသည်မှာ ချွင်းချက်မရှိ ချိန်ကိုက်ဗုံးတစ်လုံးကို တွဲချည်ထားရခြင်းနှင့်တူ၏။ လင်ရှီးသာ ယခင်ကအတိုင်းဖြစ်နေပါက သူမ အော်မုန့်ရွှယ်၏နည်းအတိုင်း ကစားခံနေရမည်ဖြစ်သည်။ အခုတော့ ငါပဲ နင်နဲ့က‌စားပေးရတာပေါ့။

လောင်ကုန်းအတွက် အနမ်းတစ်ပွင့် Where stories live. Discover now