Kiss Husband - 71
အပိုင်း (၇၁) တစ်စုံတစ်ယောက်၏မျက်လုံးထဲ ဖုန်ဝင်စေခြင်း။
သူမနံဘေးရှိ လှုပ်ရှားသံကို ကြားရသည်...
သူက စောင်ကိုဖွင့်ခြုံကာ လှဲချလိုက်ပြီး အသံတစ်စက်မှမထွက်တော့။
အချိန်အတော်ကြာပြီးနောက် ရွှီယိကျစ်အိပ်မောကျသွားပြီဟု ထင်လိုက်၍ သူမ မျက်လုံးတစ်ဖက် ဖွင့်ကြည့်လိုက်သည်၊ သူက သူမကို ကျောပေးထား၍ တော်သေးသည်။
လင်ရှီး နင်ဘာလို့ ဒီလောက်တောင် အသက်မရှူနိုင်အောင် ဖြစ်နေရတာတုန်း။ နင်က သရုပ်ဆောင်လေ၊ ပြီးတော့ ဒီလူကလည်း နင့် ယောင်္ကျား၊ ဘာတွေဒီလောက်ရှက်နေတာလဲ။ အနမ်းတစ်ခုပဲ မဟုတ်ဘူးလား၊ အဲဒါလေးနဲ့တင် ခေါင်းထဲ ဗလာဖြစ်သွားတယ်ပေါ့?
မည်သို့ဆိုစေကာမူ သူမ ထိုအကြောင်း တွေးလေလေ၊ အိပ်မပျော်နိုင်လေလေ ဖြစ်လာရသည်။ သူမနှလုံးသားမှာ အလွန်အမင်းစိတ်လှုပ်ရှားနေသောအဆင့်တွင်သာ ရှိသေး၏။ ထိုခံစားချက်မှာ သူမရင်ထဲ သမင်တစ်ကောင် ခုန်ပေါက်ပြေးလွှားနေသည့်အလား။ ချီကျားယန်နှင့်ရှိစဉ်ကပင် ထိုသို့ခံစားချက်မျိုး မရှိခဲ့ဖူးကြောင်း သူမ ပထမဆုံးအကြိမ် သတိထားမိခဲ့ရလေသည်။
အိပ်ရာပေါ်တွင် လှဲရင်း သူမ ဟိုလှည့်ဒီလှည့်ဖြင့် အိပ်မပျော်နိုင်။
နံဘေးတွင်လှဲလျောင်းနေသော အမျိုးသားမှာ မလှုပ်ရှားသော်လည်း လင်ရှီးထံမှ ကူးစက်ခံလိုက်ရပုံပေါ်ကာ သူ့ရင်ခုန်သံမြန်လာ၏။
သူ့တွင် အိပ်မပျော်သည့်ရောဂါ မရှိသည်မှာ အသိသာကြီးပင်၊ သို့သော် ဒီညတော့ လင်ရှီးကဲ့သို့ပင်...သူလည်း အိပ်ရေးပျက်ခဲ့ရပါသည်။
ယိကျစ် ကျွန်မ အရင်က ကျေးဇူးတင်စိတ်ရှိခဲ့တယ်ဆိုရင်၊ အခုကတော့ ကျွန်မ...ရှင့်ကိုချစ်မိသွားတာ ထင်ပါတယ်။
ညနက်နက်တွင် အေးစက်မှုများမရှိ၊ နွေးထွေးနေသော ကျောချင်းအပ်ထားသည့် အချစ်များသာ ရှိခဲ့၍ ဤတစ်ညတွင် စတင်ပူနွေးလာခဲ့လေသည်။
...
"လင်ရှီး။"
ရင်းနှီးနေသောအသံကို ကြားလိုက်ရသောအခါ လင်ရှီးအနည်းငယ်အံ့ဩသွားသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူမဟာ တောင်းပန်မည်မဟုတ်သလို ကျေးဇူးတင်မည့်လူလည်း မဟုတ်ပါချေ။